ပေါ်တူဂီနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ သတိပေးချက် အခြေအနေကို ဧပြီ ၁၈ ရက်အထိ သက်တမ်းတိုးမြှင့် 

မတ် ၂၄

 

ပေါ်တူဂီနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ သတိပေးချက်အခြေအနေကို ဧပြီ ၁၈ ရက်အထိ သက်တမ်းတိုးမြှင့်ကြောင်း အစိုးရက ယမန်နေ့က ထုတ်ပြန်ကြေညာခဲ့သည်ဟု သိရသည်။

 

ထိုကြေညာချက်သည် အရပ်ဘက်ကာကွယ်ရေးအတွက်ပေါ်တူဂီအခြေခံဥပဒေအရ သဘာဝဘေးဆိုင်ရာ အခြေအနေများအတွက် အနိမ့်ဆုံးသတိပေးချက်အဆင့် ဖြစ်သည်။

 

ယင်းဆုံးဖြတ်ချက်အရ ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှုကို ထိန်းချုပ်ဟန့်တားရန် လက်ရှိကျင့်သုံးနေသော စီမံချက်များပြောင်းလဲမှုမရှိကြောင်း ဖော်ပြထားသည်။

 

၎င်းစီမံချက်များတွင် မိုးလုံလေလုံနေရာများ၊ ကျန်းမာရေးဝန်ဆောင်မှုများနှင့် သယ်ယူပို့ဆောင်ရေး လုပ်ငန်းများတွင် ပါးစပ်၊ နှာခေါင်းစည်းများ မဖြစ်မနေတပ်ဆင်ရမည် ဖြစ်သည်။

 

နိုင်ငံတစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူဦးရေမှာ ငါးရက်လျှင်  ပျမ်းမျှ ၁၁၃၈၉ ဦးရှိသည်ဟု ကျန်းမာရေးသုတေသနအဖွဲ့၏ အချက်အလက်ထုတ်ပြန်ချက်အရ သိရသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို