ဖားကန့်၊ ထီးချိုင့်၊ ကွတ်ခိုင်မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ 

နေပြည်တော် ၁၄ ဇန်နဝါရီ 

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီ ၁၃ ရက် ညနေ ၆ နာရီခွဲက ဖားကန့်မြို့နယ်၊ ဟောင်ပါးကျေးရွာအုပ်စု၊ တာမခန်ကျေးရွာလမ်းတွင် မျိုးမြင့်အောင်(ခ)ကိုမျိုး မောင်းနှင်ပြီး မသူဇာခိုင်(ခ)မခိုင် လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်ရှာဖွေရာ ဘိန်းဖြူ သုည ဒသမ ၂၂ ကီလို၊ မြန်မာငွေကျပ် ၁၉၀၀၀၀ နှင့် လက်ကိုင်ဖုန်း ၃ လုံးတို့ကိုလည်းကောင်း၊ အလားတူ ယင်းနေ့ နံနက် ၇ နာရီက ထီးချိုင့်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ထီးချိုင့်မြို့နယ်၊ အင်ဒေါင်းကျေးရွာအုပ်စု၊ ကြို့ကုန်းကျေးရွာနေ သိန်းလွင်၏ နေအိမ်အား ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၃၂၃၀ ကိုလည်းကောင်း။

ထို့အတူ ယင်းနေ့နံနက်ပိုင်းက မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ကွတ်ခိုင်မြို့နယ်၊ ကောင်းခါးကျေးရွာအုပ်စု၊ ဟိုနမ့်ကျေးရွာ၊ အိမ်အမှတ် (ဟ/၆၇)နေ ရန်ရွှင်လျန်(ခ)အားလျန်၏ နေအိမ်ကိုရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၄၀၀၀ သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။ 

MDN
Credit: ရဲပြန်ကြား