ဖားကန့်၊ တောင်ကြီးနှင့် ကွန်ဟိန်းမြို့နယ်တို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

နေပြည်တော် ၂၉ ဇူလိုင်

 

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ဇူလိုင် ၂၈ ရက် မွန်းလွဲ ၁ နာရီခွဲက ဖားကန့်မြို့၊ မော်ဝမ်းရပ်ကွက်၊ ပန်းတင်တံတားအနီး၊ ဖားကန့်-လုံးခင်းသွား ကားလမ်းတွင် သန်းလွင်ဦး(ခ)ကိုဦး မောင်းနှင်ပြီး မချိုချိုအောင်(ခ)မချို လိုက်ပါလာသော မော်တော်ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁,၇၅၅ ပြားကို လည်းကောင်း။

 

အလားတူ ယင်းနေ့ နံနက် ၉ နာရီခွဲက မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် တောင်ကြီးမြို့နယ်၊ ထီဖောင်းကျေးရွာအုပ်စု၊ လွယ်ကောင်းကျေးရွာ၊ ကျောက်တစ်လုံးကြီး- တောင်ကြီးသွား ကားလမ်းတွင် ကျောက်တစ်လုံးကြီးမြို့မှ တောင်ကြီးမြို့သို့ ခွန်မောင်ငယ် မောင်းနှင်ပြီး ထွန်းဝင်းလိုက်ပါလာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၄၀,ဝ၀ဝ၊ လက်ကိုင်ဖုန်းတစ်လုံးတို့ကို လည်းကောင်း။

 

ထို့အတူ ယင်းနေ့ မွန်းလွဲပိုင်းတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ကွန်ဟိန်းမြို့နယ်၊ ကာလိမြို့၊ အမှတ်(၄)ရပ်ကွက်နေ မခိုင်မြင့်လွင်(ခ)အားကျိမ်း၏ နေအိမ်ကို ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂,၅၀ဝ သိမ်းဆည်းရမိခဲ့သဖြင့် ယင်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

 

ရဲပြန်ကြား