ဖားကန့်၌ မီးဖိုမီးကြွင်းမီးကျန်မှတစ်ဆင့် နေအိမ်လေးလုံး မီးလောင်မှုဖြစ်ပွား

ဖားကန့် ၁  ဩဂုတ်      

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ အေးမြသာယာရပ်ကွက်၊ တောင်ပြိုမှော်ရွာ၌ ထမင်းဟင်းချက်ပြုတ်ပြီး မီးဖိုမီးကြွင်းမီးကျန်မှတစ်ဆင့် အနီးရှိဘေးထရံကိုမီးစွဲကာ နေအိမ်(၄)လုံး မီးလောင်ဆုံးရှုံးမှု ယနေ့နံနက် ၉ နာရီခွဲခန့်က ဖြစ်ပွားခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။

 

"မီးစတာက မီးဖိုကြွင်းမီးကျန်ပေါ့၊ စလောင်တာက ၉ နာရီခွဲလောက်ကပါ၊ စလောင်တဲ့အိမ် က (၈)ပေပတ်လည် နှစ်ခန်းတွဲ နှစ်ထပ်၊ သွပ်မိုး ထရံကာပါ၊ ဘေးက အိမ်သုံးလုံးက တစ်ထပ်၊ (၆)ပေပတ်လည် နှစ်ခန်းတွဲ၊ သွပ်မိုး ထရံကာတွေပဲ"ဟု မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးမှူး ဦးပြေငြိမ်းက ပြောသည်။

 

 IMG-8ee03b181ce

 

မီးလောင်မှုဖြစ်စဉ်ကို ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များ၊ သန္ဓေနှင့်အရန်မီးသတ် တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များနှင့် ကျေးရွာနေပြည်သူများက မီးသတ်ကား (၅)စီး၊ ကျေးရွာအနီးရှိ ယူနတီကုမ္ပဏီနှင့် KNDPC ကုမ္ပဏီတို့မှ ဘက်ဟိုးတစ်စီးစီနှင့် ရေသယ်ယာဉ် နှစ်စီးစီတို့ဖြင့် ဝိုင်းဝန်းငြိမ်းသတ်ရာ ၁၀ နာရီခန့်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

 

မီးလောင်မှုဖြစ်စဉ်မှ မီးစတင်လောင်ကျွမ်းသည့် နေအိမ်အမှတ်(၁၄၇)ရှိ အိမ်ပိုင်ရှင် ဦးထွန်းအေး(၄၃)နှစ်ကို မီးပေါ့ဆမှုဖြင့် အရေးယူဆောင်ရွက်လျက်ရှိနေကြောင်း သိရသည်။

 

 IMG-c64c72d02710f

 

မီးလောင်မှုကြောင့် နေအိမ်(၄)လုံးမှ မိသားစုဝင် စုစုပေါင်း(၁၆)ဦးတို့တွင် အချို့က နီးစပ်ရာ ဆွေမျိုးများအိမ်တွင် မှီခိုလျက်ရှိပြီး  အချို့ကို အဆိုပါကျေးရွာရှိ ဗုဒ္ဓယာဉ်ကျေးမှု မူကြိုကျောင်းတို့တွင် ခေတ္တနေရာချထားပေးထားကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

တာလင်းမောင်(ပြန်/ဆက်)

 

 IMG-f36cbbe0500b09