ဖားကန့်နှင့် မိုးမိတ်မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ                

နေပြည်တော် ၈   ဒီဇင်ဘာ

 

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ ၇ ရက် မွန်းလွဲပိုင်းက ဖားကန့်မြို့နယ်၊ အေးမြသာယာကျေးရွာအုပ်စု၊ မနကျေးရွာနေ ရှောက်ဝှါ၏ နေအိမ်ကို ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၃,၄၉၅ ပြား၊ အဆင့်နိမ့် ဘိန်း ၄ ဂရမ်၊ ဘိန်းဆီခဲ ၁၂ ဂရမ်၊ ဘိန်းစိမ်း ၉၀ ဂရမ်တို့ကို သိမ်းဆည်းရမိခဲ့ပြီး အလားတူ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ ဆိုင်းတောင်ရွာဟောင်း-မှော်ဂလုံကျေးရွာ သွားလမ်းတွင် ဝင်းတင့် မောင်းနှင်ပြီး ထွန်းမြင့် လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်ကို စစ်ဆေးရန် ရပ်တန့်စဉ် ဝင်းတင့်မှ မော်တော်ဆိုင်ကယ်ကို နောက်ပြန်လှည့် မောင်းပြေး၍ ထွန်းမြင့်မှာ ပြုတ်ကျကျန်ခဲ့သဖြင့် ထွန်းမြင့်အား ထိန်းသိမ်းစစ်ဆေးရှာဖွေရာ ၎င်းထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၁,၅၆၀ ကိုလည်းကောင်း၊

 

အလားတူ ယင်းနေ့မွန်းလွဲ ၁ နာရီခွဲက မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မိုးမိတ်မြို့နယ်၊ သစ်ဆိမ့်ကုန်းအုပ်စု၊ ကျောက်မောကျေးရွာ အဝင်လမ်းပေါ်တွင် မျိုးဝင်း မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၀ဝ၀  သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မျိုးဝင်း၊ (၅၂)နှစ်အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း ရဲပြန်ကြားမှ  သိရသည်။

 

(သတင်းစဉ်)