ဖားကန့်နှင့် မိုးမိတ်မြို့နယ်တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော် ၄ မတ်

 

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ် ၃ ရက် ည ၁၀ နာရီခွဲက ဖားကန့်မြို့နယ်၊ ဝှေခါ-အင်းတော်ကြီးသွားကားလမ်း၊ ဆိပ်မူကျေးရွာအုပ်စု၊ ဆပ်ပြာချောင်းကျေးရွာအနီးတွင် မြင့်စိုးဝင်း(ခ)စိုးဝင်း မောင်းနှင်ပြီး မနွဲ့မေ လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေရာ ဘိန်းဖြူ သုည ဒသမ ၃၃ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၁၈၈ ပြားတို့ကို သိမ်းဆည်းရမိခဲ့သည်။

 

အလားတူ ယင်းနေ့နံနက် ၈ နာရီတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် မိုးမိတ်မြို့နယ်၊ ကျောက်မောကျေးရွာအနီး၊ မိုးမိတ်-တွင်းငယ်သွား ကားလမ်းတွင် မာတူး(ခ)ကျော်ခိုင်ထွန်း မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၄၀၀ သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

 

ရဲပြန်ကြား