ဖာပွန်မြို့နယ်၏ မဲဆန္ဒရှင်စာရင်းကို (၄)ရက်အတွင်း ပုံစံ(၃)ဖြင့် လာရောက်လျှောက်ထားသူ (၅၇)ဦး၊ပုံစံ(၄)ဖြင့်ကန့်ကွက်သူ ၁၄၈ ဦးနှင့် ပုံစံ(၄-ဂ)ဖြင့် ပြင်ဆင်သူ ၉၃ ဦးရှိ

ဖာပွန်  ၂၉  ဇူလိုင် 

 

၂၀၂၀ ပြည်နှစ် ပါတီစုံ အထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းများကို ပထမအကြိမ်အဖြစ် ဖာပွန်မြို့နယ်အတွင်းရှိ သတ်မှတ်နေရာအသီးသီးတွင် ဇူလိုင်လ ၂၅ ရက်မှ စ၍ထုတ်ပြန်ကြေညာထားရာ ယနေ့အထိ ဖာပွန်မြို့နယ်တွင် မဲစာရင်းမပါသဖြင့် ပုံစံ(၃)ဖြင့်လာရောက်လျှောက်ထားသူ(၅၇)ဦးရှိပြီဖြစ်ကြောင်း သိရှိရသည်။

 

ထို့အပြင် မဲစာရင်းတွင် မပါဝင်သင့်သူများ ပါဝင်နေ၍ ပုံစံ(၄)ဖြင့် လာရောက်ကန့်ကွက်သူ(၁၄၈)ဦး၊ မဲစာရင်းတွင် အချက်အလက်မှားယွင်းသဖြင့် ပုံစံ(၄-ဂ)နှင့် ပြင်ဆင်ရန် လာရောက်လျှောက်ထားသူ(၉၃)ဦး ရှိကြောင်းသိရသည်။

 

ဖာပွန်မြို့နယ်နှင့် ကမမောင်းမြို့တို့၏ ရပ်ကွက်(၈)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၈)အုပ်စုတို့တွင် မဲရုံ(၂၅)ရုံရှိပြီး လက်ရှိ မဲစာရင်းအရ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၂၀၀၀၀ ကျော်ရှိကြောင်း ဖာပွန်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရှိရသည်။

 

စိုင်းကျော်ဝဏ္ဏ၊တိုးဝေဇင်(ပြန်ဆက်)