ဖာပွန်မြို့တွင် ကိုဗစ်-၁၉ ရောဂါပိုးရှိသူ (၄)ဦး ထပ်မံတွေ့ရှိ

ဖာပွန် ဇူလိုင် ၇

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာပေါင်း (၁၂)ဦးထိ ရှိပြီဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။

ဖာပွန်မြို့တွင် ပိုးတွေ့လူနာများနှင့် ထိတွေ့ခဲ့သူများ၊ ဖျားနာသူများအား RDT Test Kit ဖြင့် ရောဂါပိုးရှိ/မရှိ စစ်ဆေးခဲ့ရာ ဇူလိုင် ၆ ရက်အထိ အမျိုးသား (၇)ဦး၊ အမျိုးသမီး (၅)ဦး စုစုပေါင်း (၁၂)ဦးတို့တွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

အဆိုပါပိုးတွေ့လူနာများအား ဖာပွန်ခရိုင် ပြည်သူ့ဆေးရုံရှိ (Quarantine Centre) ၌ သီးသန့်ထားရှိပြီး ၎င်းတို့နှင့် ထိတွေ့ခဲ့သူများအား စုံစမ်းရှာဖွေဖော်ထုတ်၍ အသွားအလာ ကန့်သတ်ထားရှိကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရှိရသည်။

စိုင်းကျော်ဝဏ္ဏ(ပြန်/ဆက်)