ဖြောင့်ချက်မပေးခင် FACEBOOK စီအီးအို ဇူကာဘက် တောင်းပန်စကားပြောကြား

၁၀ ဧပြီ

 

Facebook ရဲ့ စီအီးအို မာ့ဇူကာဘက်ဟာ အမေရိကန်လွှတ်တော်မှာ အချက်အလက် ပေါက်ကြားမှု ဆိုင်ရာ အရှုပ်တော်ပုံအတွက် သက်သေခံထွက်ဆို ဖြောင့်ချက်ပေးခဲ့တယ်လို့ သိရပါတယ်။ မာ့ဇူကာဘက်ဟာ ထပ်ကာတလဲလဲ ပေါက်ကြားနေမှုတွေကို ကာကွယ်သွားမယ်လို့ ကတိပေးရင်း တောင်းပန်စကား လည်းပြောကြားခဲ့တယ်လို့ သိရပါတယ်။

 

 

အမေရိကန် အောက်လွှတ်တော်ကော်မတီဟာ အဆိုပါ အချက်အလက်ကို ဇူကာဘက် ကွန်ဂရက်မှာ ဖြောင့်ချက် မပေးခင် တစ်ရက်အလို ဧပြီ ၉ ရက် တနင်္လာနေ့က ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ 

 

Facebook သုံးစွဲသူ ၈၇ သန်းရဲ့ အချက်အလက်တွေကို အခွင့်မရှိဘဲ ဝင်ရောက်ကြည့်ရှုခဲ့ကြောင်း ဗြိတိန်ကုမ္ပဏီ တစ်ခုကနေ စွပ်စွဲထားမှုအတွက် စီအီးအိုဟာ ဖြောင့်ချက်ပေးခဲ့ရတာပါ။ အမေရိကန်သမ္မတ ထရန့်ဟာ ၂၀၁၆ ခုနှစ် ရွေးကောက်ပွဲမှာ အဲဒီအချက်အလက်တွေကို အသုံးပြုပြီး မဲဆွယ်စည်းရုံးခဲ့တာလို့လည်း သတင်းတွေ ထွက်ပေါ်နေခဲ့ပါတယ်။

 

ဇူကာဘက်ရဲ့ ထုတ်ပြန်ချက်မှာတော့ Facebook ကို တစ်စုံတစ်ယောက် ထိခိုက်နစ်နာစေမယ့် နေရာမှာ အသုံးပြုနေခြင်းကို သူ့ရဲ့ ကုမ္ပဏီဟာ အလုံအလောက် မကာကွယ်နိုင်ခဲ့ဘူးလို့ ပြောကြားထားပါတယ်။ အမှားကိုပြုလုပ်ခဲ့သူဟာ သူတစ်ဦးတစ်ယောက်တည်းပါပဲလို့လည်း ဇူကာဘက်က ဖြည့်စွက် ပြောကြားခဲ့ပါတယ်။

 

ထိခိုက်နစ်နာစေမယ့် အရာတွေထဲမှာ ကိုယ်ရေး အချက်အလက်တွေကို မလျော်မကန် အသုံးပြုခြင်း၊ သတင်းတုသတင်းမှားတွေ ပြန့်နှံ့နေခြင်းနဲ့ ရွေးကောက်ပွဲတွေမှာ နိုင်ငံခြား ကြားဝင်နှောင့်ယှက်မှုတွေ ရှိနေခြင်းပဲဖြစ်ပါတယ်လို့ Facebook စီအီးအိုက ပြောထားပါတယ်။

 

ဒါ့အပြင် အရာအားလုံးကို ပြုပြင်ပြောင်းလဲဖို့အတွက် အချိန်အနည်းငယ်တော့ ပေးရလိမ့်မယ်လို့ ဇူကာဘက်က ပြောခဲ့ပါတယ်။

 

ဘာသာပြန်-MDN
ကိုးကား-NHK