ဖော+ငမြှောင်တောင်ပိုး ကျရောက်မှုကို တောင်သူဦးကြီးများ အချိန်မီနှိမ်နင်းကြဖို့လို

သတင်းဆောင်းပါး-ဇူလိုင်မိုး(မြန်မာ့အလင်း)

လတ်တလော မြန်မာနိုင်ငံအတွင်းရှိ တိုင်းဒေသကြီး/ ပြည်နယ်များရှိ ဆောင်းပြောင်းသီးနှံတွေမှာ (Fall Army Worm-FAW)  ဖော+ငမြှောင်တောင် ဖျက်ပိုးများကျရောက်နေမှုဟာ တောင်သူဦးကြီးတွေအတွက် ထိတ်လန့်ဖွယ်ရာ ဖြစ်ရပ်တစ်ခု ဖြစ်နေပါတယ်။ ဖော+ငမြှောင်တောင်ဖျက်ပိုးများ ကျရောက်မှုကို တောင်သူဦးကြီးတွေရဲ့ စိုက်ခင်းတွေမှာ အချိန်မီကာကွယ် နှိမ်နင်းနိုင်မှုကြောင့် ပျက်စီးမှုမရှိတဲ့ ဒေသတွေလည်းရှိသလို ပျက်စီးမှုရှိတဲ့ ဒေသတွေလည်း ရှိနေပါတယ်။

မြန်မာနိုင်ငံ စိုက်ပျိုးရေးဦးစီးဌာန သီးနှံကာကွယ်ရေးဌာနခွဲ၌ ၅-၁-၂၀၁၈ ရက်နေ့မှာ Fall Army Worm(FAW)in Myanmar အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပခဲ့ရာ ဆွေးနွေးပွဲတွင် CABI နှင့် Exter University  တို့မှ သုတေသနစာတမ်းတွေအပေါ် အခြေခံပြီး ရေးဆွဲထားတဲ့ မြန်မာပြည်ရှိ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ ငမြှောင်တောင် ကျရောက်မှုအန္တရာယ်အကြောင်း ဆွေးနွေး ခဲ့တယ်လို့ သိရပါတယ်။ ဆွေးနွေးမှုမှာ ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးနဲ့ နေပြည်တော် အတွင်းမှာရှိတဲ့ ဒေသအများစုနဲ့ ချင်းပြည်နယ်၊ ကချင်ပြည်နယ်အတွင်းရှိ ဒေသအချို့မှာ ငမြှောင်တောင်ပိုးကျရောက်နိုင်တဲ့ သင့်တော်တဲ့ ပတ်ဝန်းကျင် အခြေအနေ အòန်းကိန်းရဲ့ ၅၀ ရာခိုင်နှုန်းနဲ့ အထက်မှာ တွေ့ရှိရပြီး ကျန်တိုင်းဒေသကြီးတွေနဲ့ ပြည်နယ်တွေကို ၅၀ ရာခိုင်နှုန်းနဲ့ အောက်သာ ကျရောက်နိုင်ဖွယ်ရှိတယ်လို့ ခန့်မှန်းတွက်ချက်ခဲ့ ပါတယ်။

ငမြှောင်တောင်ပိုးကျရောက်မှု
ခန့်မှန်းတွက်ချက်မှုတွေမှာ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကယားပြည်နယ်၊ နေပြည်တော်၊ စစ်ကိုင်းတိုင်း ဒေသကြီးတို့မှာ အန္တရာယ်အမြင့်ဆုံးဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးနဲ့ တနင်္သာရီတိုင်းဒေသကြီးတို့မှာ အန္တရာယ် အသင့်အတင့်နဲ့ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ ကချင်ပြည်နယ်တို့မှာ အနည်းငယ် အန္တရာယ်ကျ ရောက်နိုင်တယ်လို့ ကြိုတင်ခန့်မှန်းခဲ့ကြပါတယ်။ လက်ရှိအခြေအနေမှာ မ္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်၊ နေပြည်တော်မှာ တပ်ကုန်းမြို့နယ်၊ ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံ မြို့နယ်နဲ့ ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့နယ်၊ ဓနုဖြူမြို့နယ်၊ ဇလွန်မြို့နယ်နဲ့ ဟင်္သာတမြို့နယ်အတွင်းရှိ ဆောင်းအစေ့ထုတ် ပြောင်းသီးနှံစိုက်ခင်းတွေမှာ ငမြှောင်တောင်ပိုးတွေ ကျရောက်နေတယ်လို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သိရပါတယ်။

“ဒီဒေသမှာ ဖော+ငမြှောင်တောင်ပိုးကျ ရောက်တာကတော့ ဇန်နဝါရီ ဒုတိယပတ်လောက် ကတည်းကပါ။ ဖော+ငမြှောင် တောင်ပိုး ကျရောက်တဲ့အတွက် ပြောင်းပင်နုတဲ့အခင်းတွေဆို ထိခိုက မှုတွေရှိပါတယ်။ ပြောင်းပင်သက်တမ်းရင့်သွား ရင်တော့ ထိခိုက်ပျက်စီးမှုသက်သာတယ်။ လက်ရှိ ငမြှောင်တောင်ပိုးကျရောက်တဲ့ ခန့်မှန်းဧကက ၂၀ဝဝ ခန့်နီးပါးရှိပါတယ်။ လက်ရှိတော့ ပြောင်းခင်းတွေမှာပဲ ကျရောက်နေတယ်။ ဇလွန်မြို့နယ်ဘက် မှာ ငမြှောင်တောင်ပိုးကျပြီလို့ သိကတည်းက ဒီဘက်မှာလည်း ကာကွယ်မှုတွေ၊ ဆွေးနွေးပွဲတွေကို စိုက်ပျိုးရေးဦးစီးဌာနက လာရောက်လုပ်ပေးပါတယ်။ ဟိုတလောကလည်း စိုက်ပျိုးရေး ဝန်ကြီးနဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေ လာရောက်ပြီးတော့ ငမြှောင်တောင်ကာကွယ်နည်းတွေကို လာရောက်ပြီး ဆွေးနွေးဟောပြော တာတွေ ရှိပါတယ်။

“နောက်ပြီး ဆေးဖျန်းပုံးတွေပေးပြီး တောင်သူ တွေကို ဆေးဖျန်းခြင်း သရုပ်ပြပွဲတွေ လုပ်ဆောင်ပေးခဲ့ပါတယ်။ အလင်းထောင်ချောက်တွေ ပြုလုပ်ပြီးလည်း နှိမ်နင်းမှုတွေလုပ်နေပါတယ်။ အဲဒီလိုတွေ လုပ်တဲ့အတွက်တော့ နည်းနည်း ထိရောက်မှုတွေ ရှိလာပါတယ်။ လုံးလုံးကင်းစင်မှုတော့ မရှိသေးပါဘူး။ ပြောင်းပင်တွေက အရပ်မြင့်သွားတော့ ဆေးဖျန်းတဲ့ နေရာမှာ တောင်သူတွေအတွက် အခက်အခဲရှိတယ်။ သက်ဆိုင်ရာက တောင်သူတွေအတွက် ထိရောက်တဲ့ ဆေးဖျန်းနည်းတွေ လာရောက်ပြုလုပ်ပေးရင်တော့ ပိုကောင်းတာပေါ့။ လက်ရှိမှာတော့ ကိုယ့်အခင်းပိုးကျနေတဲ့အတွက် ဒုက္ခခံပြီးတော့ ဖျန်းပေးနေကြပါတယ်။ အရင်နှစ်တွေက လယ်ထဲတွေမှာ ကျတဲ့ငမြှောင်တောင်က ဆေးဖျန်းလိုက်တာနဲ့ သေတယ်။ အခု ကျရောက်နေတဲ့ ဖော+ငမြှောင်တောင်ပိုးက အသက်ပြင်းတယ်ပြောရမယ်။ သူက ဖလံအမကနေ ဥပြီး ပိုးလောက်လန်း ဘဝကနေ အကောင်ပေါက်တယ်။ အပင်တွေကို ကိုက်ဖြတ်စားသောက် နိုင်တယ်။ သူက ပြောင်းပင်ရဲ့ အခြေမှာနေပြီး ရုပ်ဖုံးလုပ်ကာ နောက်တစ်ဖန် ပြန်လည်ပေါက်ဖွားတယ်လို့ သိရပါတယ်။ ဒါကြောင့် သူ့ကို အမြစ်ပြတ်ရှင်းနိုင်ဖို့က မလွယ်ပါဘူး” ဟု ဟင်္သာတခရိုင် မြန်အောင်မြို့နယ် သပြေကုန်းအုပ်စု ရှားတောကျေးရွာမှ တောင်သူ ဦးမြင့်ဇော်က လက်ရှိ မိမိဒေသမှာ ဖော+ငမြှောင်တောင်ပိုး ကျရောက်နေမှုနဲ့ ကာကွယ်မှုပြုလုပ်နေတာကို ပြောပြပါတယ်။

ပြန့်ပွားမှုအမြန်ဆုံး
အခုလက်ရှိ ဆောင်းပြောင်းစိုက်ပျိုးဧက တစ်သိန်းခွဲခန့်ရှိပြီး ပြီးခဲ့တဲ့ ဒီဇင်ဘာလလယ် လောက်က မ္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ နယ် ဘက်မှာ ဖော+ ငမြှောင်တောင်ပိုးတွေ ကျရောက် ခဲ့ပါတယ်။ အဲဒီနောက် ဆက်တိုက်ဆိုသလို ကျန်တဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ ကျရောက်ခဲ့ပါတယ်။ လက်ရှိအချိန်ထိ ဧရာဝတီတိုင်းဒေသကြီး အတွင်းမှာ ဧက ၁၀ဝဝဝဝ ကျော်မှာ ကျရောက်နေပါတယ်။ အဓိကပြောင်းခင်း တွေမှာကျရောက်ပြီး ဖျက်ဆီးနိုင်တဲ့စွမ်းအားကတော့ အပင်ငယ်တွေကနေ အပင်ကြီးတဲ့အဆင့်အထိ တောက်လျှောက်ဖျက်ဆီးနိုင်တာဖြစ်လို့ တစ်ရာသီပဲ မဟုတ်ဘဲ တောက်လျှောက်ကာကွယ် နှိမ်နင်းဖို့ လိုအပ်ပါတယ်။ ပြန့်ပွားမှုအမြန်ဆုံး ဖော+ငမြှောင်တောင်ပိုးကို ကာကွယ်နှိမ်နင်းဖို့ အတွက် တောင်သူတွေအနေနဲ့လည်း သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ ပူးပေါင်းကာကွယ်သွားမှသာ မိမိတို့စိုက်ခင်းတွေအတွက် စိတ်ချရမှာဖြစ်ပါတယ်။ အခုကျရောက်နေတဲ့ ဖော+ငမြှောင်တောင်ပိုးက အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်တို့မှာ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ် လောက်ကတည်းက ကျရောက်ခဲ့တယ်လို့ သိရပါတယ်။

အခုလက်ရှိ ငမြှောင်တောင် ကျရောက်နေ တဲ့ ဒေသတွေမှာ သက်ဆိုင်ရာ တာဝန်ရှိသူတွေ အနေနဲ့ ပညာရှင်တွေနဲ့ ပူးပေါင်းကာ ကွင်းဆင်းဆောင်ရွက်ပေးနေပါတယ်။ ငမြှောင်တောင်ပိုး ကျရောက်မှုများတဲ့ ဒေသအချို့မှာလည်း ကောင်းကင်ဆေးဖျန်း ယာဉ်တွေနဲ့ ပိုးသတ်ဆေး ပက်ဖျန်းပေးတာတွေကို ပြုလုပ်ပေးနေပါတယ်။ မကျရောက်သေးတဲ့ဒေသတွေမှာလည်း ပိုးမွှား ကြိုတင်ကာကွယ်နည်းလမ်းတွေ လုပ်ဆောင်နေတယ်လို့ စိုက်ပျိုးရေးဦးစီးဌာနမှ သိရပါတယ်။

“အခု ဆောင်းပြောင်းသီးနှံမှာ ကျရောက်နေ တဲ့ ဖော+ ငမြှောင်တောင်ဖျက်ပိုးတွေက ဥမြုံ စသည်မှ နှစ်ရက်သုံးရက်အတွင်း အကောင်ပေါက် နှုန်း အဆင့်ဆင့်ကြီးထွားမှုမြန်ပြီး စိုက်ခင်းတွေရှိ သီးနှံတွေကို ကိုက်ဖျက်စားသောက်တဲ့ အကောင် အဖြစ်သို့ ရောက်ရှိလာပြီး သီးနှံပင်တွေကို ဖျက်ဆီး ကြပါတယ်။ သီးနှံတွေထိခိုက်ဆုံးရှုံးမှုဖြစ်ပေါ်နိုင်လို့ တောင်သူတွေအနေနဲ့ မိမိတို့ရဲ့ စိုက်ကွင်းတွေမှာ အတွင်းဖျက်ပိုး ကျရောက်နေခြင်း ရှိ၊ မရှိပုံမှန် စစ်ဆေးပြီး ကျရောက်ပါက သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်တွေမှာရှိတဲ့ ပညာရှင်ဝန်ထမ်းတွေနဲ့ ချိတ်ဆက်ပြီး ကြိုတင်ကာကွယ် နှိမ်နင်းရပါမယ်” ဟု စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယòန်ကြားရေးမှူးချုပ် ဦးလှမြင့်အောင်က ပြောပါတယ်။

ငမြှောင်တောင်ပိုးပုံသဏ္ဌာန်
ငမြှောင်တောင်ပိုးပုံသဏ္ဌာန်မှာ ပိုးလောက် ကောင်ငယ်တွေဟာ အစိမ်းရောင်ရှိပြီး ဘေးမှာ အဝါရောင်အစင်းတန်းပါရှိပါတယ်။ အစင်းတန်းပေါ်တွင် အနက်ရောင် လခြမ်းပုံအကွက်တွေ စီတန်းလျက်ရှိပါတယ်။ ဖလံမရဲ့ အရှေ့အတောင် ဟာ အညိုရောင်ရှိပြီး ရွှေဝါရောင်အစင်းအကွက် တွေပါရှိပါတယ်။ နောက်အတောင်မှာ ဖြူမှိုင်းရောင်ရှိပြီး အနားစွန်းမှာ ညိုဖျော့ရောင်နဲ့ အနားကွပ် ထားပါတယ်။ ငမြှောင်တောင်ပိုးဟာ ပြောင်းနဲ့ အခြားအဓိက သီးနှံတွေဖြစ်တဲ့ စပါး၊ မြေပဲ၊ ဟင်းသီးဟင်းရွက်နဲ့ ဝါသီးနှံအပါအဝင် သီးနှံအမျိုး ပေါင်း ၈၀ ကျော်ကို စားသောက်ဖျက်ဆီးနိုင်တယ် လို့ စိုက်ပျိုးရေးပညာရှင်တွေရဲ့ သုတေသနစာတမ်းတွေအရ သိရပါတယ်။

ငမြှောင်တောင်ပိုးဟာ အပင်ငယ်စဉ်အချိန်မှာ ကန်တော့ပုံအရွက်အတွင်းသို့ ဝင်ရောက်စားသောက်ပြီး အပင်သက်တမ်းရင့် လာတဲ့အချိန်မှာ ပင်စည်ကို ပတ်၍ ထွက်တဲ့အရွက်အတွင်းသို့ ဝင်ရောက် စားသုံးတယ်လို့ သိရပါတယ်။ ပြောင်းပင်တွေမှာ အလွန်အကျွံစားသောက် ဖျက်ဆီးမှုခံရပါက ပြောင်းဖူးဆံမြိတ်ထွက်ခြင်းကို ဆိုးဆိုးရွားရွား ထိခိုက်စေ နိုင်ပါတယ်။ ထိုမှတစ်ဆင့် အဖူးအတွင်းသို့ ဝင်ရောက်ပြီး ပြောင်းဆန်တွေကိုပါ စားသောက်ဖျက်ဆီးတဲ့အတွက် သီးနှံပင်ရဲ့ အရည်အသွေးနဲ့ အထွက်နှုန်း ကို ထိခိုက်စေနိုင်ပါတယ်။ ငမြှောင်တောင်ပိုးသည် ပျံ့နှံ့မှုအားအလွန်မြန်တဲ့အပြင် ပွားများမှုနှုန်းမှာလည်း ကောင်းတယ်လို့ သိရပါတယ်။
“သီးနှံစိုက်ခင်းတွေမှာ ငမြှောင်တောင်ပိုးတွေ ကျရောက်နေပါက တောင်သူဦးကြီးတွေအနေနဲ့ ကာကွယ်နှိမ်နင်းရာမှာ ထိသေ၊ စားသေအာနိသင် ပိုးသတ်ဆေးတွေ ပက်ဖျန်းပေးခြင်း၊ လက်နဲ့ ကောက်ယူရှင်းလင်းခြင်း၊ မီးထောင်ချောက် ထွန်းညှိပေးခြင်းနဲ့ သီးလှပ်စိုက်ပျိုးခြင်းတို့ကို ပြုလုပ်ပေးခြင်းဖြင့် ကာကွယ်နိုင်ပါတယ်။ ပေါင်းမြက်တွေကို ရှင်းလင်းရပါမယ်။ ထယ်ထိုး မြေလှန်ပြီး ကန်သင်းကိုရှင်းပါ။ ဥမြုံတွေနဲ့ ပိုးလောက်ကောင်တွေကို ဖျက်ဆီးရပါမယ်။ စိုက်ခင်းအတွင်းကို ဥကပ်ပါးနဂျီကောင်တွေ လွှတ်ပေးရပါမယ်။ နံနက်နဲ့ ညနေပိုင်းတွေမှာ ထိသေ၊ စားသေဆေးတွေကို ပက်ဖျန်းပေးပြီးလည်း ကာကွယ်နိုင်တယ်” ဟု စိုက်ပျိုးရေးဦးစီးအရာရှိ ဦးစောဝင်း ကပြောပါတယ်။

အချိန်မီကာကွယ်ဖို့လို့
မန်မာနိုင်ငံမှာ တောင်သူဦးကြီးတွေအနေနဲ့ အစေ့ထုတ်ပြောင်းကို ဆောင်းသီးနှံအစားထိုး အဖြစ် အများအပြားစိုက်ပျိုးလာကြရာ မိုးရာသီနဲ့ ဆောင်းရာသီတို့မှာ အဓိကစိုက်ပျိုးထုတ်လုပ်နေတာကို တွေ့ မြင်ရပါတယ်။ အခု ဖော+ငမြှောင် တောင်ပိုးတွေ ကျရောက်ဖျက်ဆီးနေမှုမှာ ဆောင်းသီးနှံ ပြောင်းစိုက်ခင်းတွေမှာ ကျရောက်လျက်ရှိပြီး တောင်သူဦးကြီးတွေ အနေနဲ့ ငမြှောင်တောင်ပိုး ကျရောက်နေပါကလည်း စိုက်ပျိုးရေးဦးစီးဌာနမှ ပညာရှင်တွေနဲ့ ချိတ်ဆက်ကာ အချိန်မီ ကာကွယ် နှိမ်နင်းဖို့ လိုအပ်ပါတယ်။ မကျရောက်သေးတဲ့ ဒေသတွေအနေနဲ့လည်း ငမြှောင်တောင်ကြိုတင် ကာကွယ်နည်းတွေကို အသုံးပြုကာ ကြိုတင် ကာကွယ်မှသာ မိမိတို့ရဲ့ သီးနှံစိုက်ခင်းတွေအတွက် စိတ်အေးရမှာ ဖြစ်ပါတယ်။

၂၀၁၈ ခုနှစ် ဒီဇင်ဘာ စတုတ္ထပတ်မှစ၍ ဧရာဝတီတိုင်းဒေသကြီးအတွင်း ပြောင်းစိုက်ဧရိယာ ၁၄၂၁၂၀ ဧကအနက် ပုသိမ်ခရိုင်၊ ဟင်္သာတခရိုင်၊ မအူပင်ခရိုင်နဲ့ မြောင်းမြခရိုင်တို့ရှိ မြို့နယ် ၁၅ မြို့နယ်အတွင်း ၁၃၆၀၁၃ ဧကတွင် ငမြှောင်တောင်ပိုး FAW ဖျက်ဆီးမှုကို တွေ့ရှိကာကွယ်လျက်ရှိရာ စီးပွားရေးအရ ထိခိုက်စေနိုင်သော ဧကမှာ ၃၉၅၇၂ ဧကဖြစ်ပြီး ယနေ့ထိ ၆၅၅၉ ဧက ထိခိုက်မှုရှိနေတယ်လို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သိရပါတယ်။     ။