ဖောင်းပြင်၊ မြောက်ဥက္ကလာပနှင့် မဘိမ်းမြို့နယ်တို့တွင် မူးယစ်ဆေးများဖမ်းဆီးရမိ

နေပြည်တော် ၁၂ အောက်တိုဘာ

           

မူးယစ်တပ်ဖွဲ့စု(၉)ဟုမ္မလင်းမှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် အောက်တိုဘာ ၁၁ ရက် ညနေ ၅ နာရီခွဲတွင် ဖောင်းပြင်မြို့နယ်၊ မှန်ပင်ကျေးရွာအနီး ဖောင်းပြင်-ပင်လည်ဘူးသွား လမ်းမပေါ်တွင် မြင့်ငွေ မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်နှင့် မင်းဇော် မောင်းနှင်ပြီး မဌေးယဉ် လိုက်ပါလာသည့် မော်တော်ဆိုင်ကယ် ၂ စီးတို့ကို ရှာဖွေရာ ဘိန်းဖြူ  ၂၂၀ ဂရမ် သိမ်းဆည်းရမိခဲ့သည်။

           

အလားတူ ယင်းနေ့မွန်းလွဲပိုင်းက မူးယစ်တပ်ဖွဲ့စု(၄၁) ရန်ကုန်(အရှေ့)မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မြောက်ဥက္ကလာပမြို့နယ်၊ င-ရပ်ကွက်၊ ဘောဂဗလလမ်းနေ ခင်ကျော်ဦး၏ နေအိမ်ကို ရှာဖွေရာ ၎င်းမှာ ထွက်ပြေးသွားပြီး နေအိမ်ရှေ့ခန်း၌ မင်းမင်းထွေး(ခ)မွန်လေး၊ ဇေယျာအောင် (ခ)အာနိုးတို့အား တွေ့ရှိ၍ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁,၈၅၀ ၊ လက်ကိုင်ဖုန်း ၂ လုံး၊ မော်တော် ဆိုင်ကယ် ၂ စီးတို့ကို သိမ်းဆည်းရမိခဲ့သည်။

           

ထို့အတူ အောက်တိုဘာ ၁၀ ရက် ညနေပိုင်းက မဘိမ်းမြို့မစခန်းမှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မဘိမ်းမြို့နယ်၊ မယ်စလီကျေးရွာအုပ်စု၊ မယ်စလီကျေးရွာနေ မစံပယ်၏နေအိမ်ကို ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား  ၂,ဝ၀ဝ အား သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရအရေးယူထားကြောင်း သိရသည်။

 

(ရဲပြန်ကြား)