ဖိလစ်ပိုင်အလယ်ပိုင်းတွင် ပြင်းအား ၅ ဒသမ ၂ ပမာဏရှိ ငလျင်လှုပ်ခတ်

၂၄ သြဂုတ်

ဖိလစ်ပိုင်နိုင်ငံအလယ်ပိုင်း ဆာမားပြည်နယ်အရှေ့ဘက်တွင်  ပြင်းအား ၅ ဒသမ ၂ ပမာဏရှိ ငလျင်တစ်ခု  ယနေ့လှုပ်ခတ်သွားကြောင်း မီးတောင်နှင့် ငလျင်ဆိုင်ရာ ဖိလစ်ပိုင်ဌာန(Phivolcs) ကသတင်းဖော်ပြထားသည်။

ဆာမားပြည်နယ်အရှေ့ဘက် ဂရူအန်မြို့ အရှေ့မြောက်ဘက် ၇၂ ကီလိုမီတာအကွာတွင် ၎င်းငလျင်လှုပ်ခတ်သွားကြောင်း၊ ယင်းပြည်နယ် အရှေ့ဘက်  ဘိုရိုဂန် မြို့တော်တွင်လည်း ငလျင်တုန်ခါမှု ဖြစ်ပွားခဲ့ကြောင်းနှင့် ပျက်စီးဆုံးရှုံးမှုများရှိမည်မဟုတ်သော်လည်း ၎င်းပြည်နယ်တွင် ငလျင်တုန်ခါမှုများ ဆက်လက်ဖြစ်ပေါ်နိုင်ကြောင်း အဆိုပါဌာနကဆိုသည်။

ကိုးကား ဆင်ဟွာ

ဘာသာပြန် မြင့်မြင့်ချို