ဖိလစ်ပိုင်နိုင်ငံကို ဝင်ရောက်တိုက်ခတ်မယ့် တိုင်ဖွန်းမုန်တိုင်းအတွက် အရေးပေါ်ပြင်ဆင်မှုများ လုပ်ဆောင်နေ

၁၄ စက်တင်ဘာ

ဖိလစ်ပိုင်နိုင်ငံကို ဝင်ရောက်တိုက်ခတ်မယ့် တိုင်ဖွန်းမုန်တိုင်း မန်းကွတ် ဟာ ၂၄ နာရီအတွင်း တစ်နာရီကို မိုင် ၁၆၀  (၂၅၅ ကီလိုမီတာ) နှုန်းလောက်ရှိတဲ့ အရှိန်ဖြင့် တိုက်ခတ်မှာ ဖြစ်ပါတယ်။  အခုတော့ မိုး သည်းသည်းမည်းမည်း ရွာနေတယ်လို့ သိရပါတယ်။

 

 

ဒီနှစ်အတွက် အင်အားအပြင်းထန်ဆုံး မုန်တိုင်းဖြစ်လာမယ့် မန်းကွတ်မုန်တိုင်းကြောင့် စနေ့နေ့မနက်မှာ အပျက်အစီးတွေ ဖြစ်စေနိုင်မယ့် နေရာတွေဖြစ်တဲ့ မြောက်ပိုင်းကမ်းရိုးတန်းရှိ ထောင်ချီတဲ့လူတွေဟာ သူတို့အိမ်တွေကနေ ထွက်ခွာသွားကြပြီး ဖြစ်ပါတယ်။ 

လူဇွန်ကျွန်းမှာ နေထိုင်သူတွေနဲ့ စီးပွားရေးလုပ်ငန်းတွေက လေပြင်းမုန်တိုင်းဒဏ်ခံနိုင်အောင် သူတို့ အိမ်တွေရဲ့ ပြတင်းပေါက်တွေကို ပိတ်ထားတာမျိုးနဲ့ အိမ်ခေါင်မိုးတွေ ဖိချထားတာမျိုးတွေ လုပ်ဆောင်နေကြပါတယ်။ ဒီကနေ့ သောကြာနေ့မှာ လူဇွန်ကျွန်းရဲ့ အရှေ့နောက်ပိုင်းမှာ မိုးသည်းသည်းမည်းမည်းရွာပြီး လေပြင်းတိုက်ခိုက် နေပြီဖြစ်ပါတယ်။ အခုချိန်တော့ အပျက်အစီးတွေ ဖြစ်နေကြောင်း မသိရသေးဘူး ဖြစ်ပါတယ်။ ဒီဒေသဟာ ဖိလစ်ပိုင်နိင်ငံရဲ့ ဆန်နဲ့ပြောင်း စိုက်ပျိုးရာ ဒေသတစ်ခုဖြစ်တဲ့အတွက် ရေလွှမ်းမိုးပြီး သီးနှံတွေ ပျက်စီးနိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။ 

 

ဖိလစ်ပိုင်နိုင်ငံသည် နှစ်စဉ် တိုင်ဖွန်းမုန်တိုင်းနှင့် မုန်တိုင်း ပျမ်းမျှ ၂၀ ကြိမ်မျှ ဝင်ရောက်တိုက်ခတ်ခံရပြီး လူရာပေါင်းများစွာ သေဆုံးစေသည့်အပြင် လူသန်းပေါင်းများစွာကိုလည်း ဆင်းရဲမွဲတေမှု ဖြစ်ပေါ်စေသည်။

 

MDN
ကိုးကား-AFP