မနီလာ အောက်တိုဘာ ၉
ဖိလစ်ပိုင်နိုင်ငံ၌ လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှုကြောင့် ၃၄ ဦး ထပ်မံ သေဆုံးခဲ့သည့်အတွက် အဆိုပါရောဂါကူးစက်မှုကြောင့် သေဆုံးသူပေါင်း ၆၃၂၆၄ ဦးရှိကြောင်း ဖိလစ်ပိုင်နိုင်ငံကျန်းမာရေးဝန်ကြီးဌာနက ဆိုသည်။
အလားတူ လွန်ခဲ့သော ၂၄ နာရီအတွင်း ရောဂါကူးစက်ခံရသူ ၂၀၉၇ ဦး ထပ်မံတွေ့ရှိခဲ့ရာ ရောဂါ ကူးစက်ခံရသူပေါင်း ၃၉၆၇၈၆၁ ဦးရှိကြောင်း သိရသည်။
လက်ရှိတွင် ပိုးတွေ့ဆဲလူနာ ၂၆၃၅၇ ဦး ရှိသည်။ ရောဂါထပ်မံကူးစက်ခံရသူများအနက် ၇၉၀ သည် မြို့တော်မနီလာမှ တွေ့ရှိရခြင်းဖြစ်သည်။
လက်ရှိအချိန်အထိ မြို့တော်မနီလာ၌ ရောဂါကူးစက်ခံရသူပေါင်း ၁၂၇၇၈၅၃ ဦးရှိကြောင်း သိရသည်။ ဖိလစ်ပိုင်နိုင်ငံ၌ ဇန်နဝါရီ ၁၅ ရက်တွင် နေ့စဉ်ကူးစက်မှုအရေအတွက် ၃၉၀၀၄ ဦးဖြင့် စံချိန်တင်ခဲ့သည်။ လက်ရှိအချိန်အထိ ပြည်သူ ၇၃ ဒသမ ၂ သန်း ကျော်အား ကာကွယ်ဆေးအပြည့်အဝ ထိုးနှံပေးပြီး ဖြစ်ကြောင်း သိရသည်။
ပြည်သူ သန်း ၁၁၀ ဝန်းကျင်ရှိသည့် ဖိလစ်ပိုင် နိုင်ငံ၌ ပြည်သူ ၃၂ ဒသမ ၅ သန်းကျော်အား ကိုဗစ်- ၁၉ ရောဂါကူးစက်မှု ရှိ၊ မရှိ စစ်ဆေးမှုများ ပြုလုပ်ပြီးဖြစ်ကြောင်း သိရသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - အောင်ကျော်ကျော်