ဖိလစ်ပိုင်နိုင်ငံတွင် ကားသုံးစီး တိုက်မှုဖြစ်ပွား ကိုးဦးသေ၊ ၁၀ဦး ဒဏ်ရာရ

မနီလာနိုင်ငံအရှေ့ပိုင်း Rizal ပြည်နယ် Cardona မြို့တွင် ယနေ့ နံနက်အစောပိုင်း၌ အဝေးပြေးလမ်းမပေါ်တွင် ကားသုံးစီးတိုက်မှုဖြစ်ပွားရာ ကိုးဦးသေဆုံးခဲ့ပြီး ၁၀ဦးဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

 

အဆိုပါ မတော်တဆမှုမှာ ယနေ့ နံနက် ၅ နာရီ ၃၀ မိနစ်အချိန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

 

ခရီးသည်တင် ဂျစ်ကားနှင့် အမှိုက်သိမ်းကား၏ နောက်တွဲယာဉ်တို့ တိုက်မိခဲ့ခြင်းဖြစ်သည်။

 

ကုန်တင်ကားများသည် ဆွေးနွေးညှိနှိုင်းမှုပြုလုပ်နေစဉ် ကုန်တင်ကားတစ်စင်းသည် ဘရိတ်ပြုတ်ထွက်ပြီး လျှိုမြှောင်အတွင်းရှိ အိမ်ပေါ်သို့ ပြုတ်ကျပြီး အခြားထရပ်ကားတစ်စင်းသည် ဂျစ်ကားနှင့်တိုက်မိသွားခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ ထုတ်ပြန်ချက်များအရ သိရသည်။

 

ချောက်ထဲသို့ ကျပြီး သေဆုံးသူများထဲတွင် ကားမောင်းသူလည်း ပါဝင်ခဲ့သည်။

 

အဆိုပါ ဂျစ်ကားသည် ရှည်လျားပြီး ပြားသောကြောင့် ယာဉ်များထဲတွင် ထင်ရှားပြီး ဖိလစ်ပိုင်နိုင်ငံတွင် ပြည်သူများအကြား သယ်ယူပို့ဆောင်ရာတွင်  လူကြိုက်များလျက်ရှိသည်။ 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မေဇော်ထက်