ဖလမ်းမြို့အနီး မြေငလျင်တစ်ခုလှုပ်ရှား

နေပြည်‌တော် ၂၀ စက်တင်ဘာ

 

ယနေ့ နံနက် ၈ နာရီ ၂၉မိနစ်ခန့်တွင် ဟားခါးမြေငလျင်စခန်းမှ အရှေ့မြောက်ဘက် (၂၉)မိုင် ခန့်ကွာဝေးသော ဖလမ်းမြို့၏ အရှေ့-အရှေ့မြောက်ဘက် (၁၃)မိုင် ခန့်အကွာတွင် အင်အား ရစ်(ခ်)တာစကေး ၄ ဒသမ ၉ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင် တစ်ခု လှုပ်ရှားသွားကြောင်း သိရသည်။

 

အဆိုပါ ငလျင်သည် မြောက်လတ္တီတွဒ် ၂၂ ဒသမ ၉၈ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၃ ဒသမ ၈၇ဒီဂရီ၊ အနက် ၂၂ကီလိုမီတာကို ဗဟိုပြု၍ လှုပ်ရှားသွားကြောင်း သိရသည်။

 

Crd-မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန