ဖလမ်းမြို့နယ်တွင် တိုင်းရင်းစာပေ နည်းပြသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

ဖလမ်း ၃၀ မေ

 

မိမိစာပေနှင့် ယဉ်ကျေးမှု မပျောက်ပျက်အောင် ရည်ရွယ်ပြီး ၂၀၁၈-၂၀၁၉ ပညာသင်နှစ်၊ ဖလမ်းမြို့နယ် တိုင်းရင်းစာပေ နည်းပြသင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီက ဖလမ်းမြို့၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း ဇုန်လွယ်ခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားတွင် ဖလမ်းမြို့၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းအုပ် ဦးတင့်လွေက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းတင်ပြပြီး ချင်းစာပေနှင့် ယဉ်ကျေးမှုဥက္ကဋ္ဌ ဦးဗန်ကြီး၊ သင်တန်းနည်းပြ သိက္ခာတော်ရဆရာတော် ခါရ်ထွန်၊ ဖလမ်းမျိုးနွယ်စု စောင့်ရှောက်ရေးအသင်း တာဝန်ရှိ ဦးခေါနိုင်သိုင်၊ ချင်းစာပေနှင့် ယဉ်ကျေးမှုအတွင်းရေးမှူး ဆရာသွခ်ဆန်းတို့က အမှာစကား ပြောကြားကြသည်။

 

 

သင်တန်းတွင် ဖလမ်းမြို့နယ်အတွင်းရှိ ကျောင်းအသီးသီးမှ ကျောင်းကိုယ်စား ကျောင်းဆရာ/ဆရာမ စုစုပေါင်း (၂၀ဝ)ဦးခန့် တက်ရောက်ကြပြီး သင်တန်းနည်းပြများအဖြစ် ဦးဗန်ကြီး၊ ဆရာသွခ်ဆန်း၊ သိက္ခာတော် ရဆရာတော် ခါရ်ထွန်တို့က နံနက် ၉ နာရီမှ ညနေ ၄ နာရီထိ သင်ကြားပို့ချခဲ့သည်။

 

ချင်းစာပေ(လိုင်ဇိုး) Grade I, II, III များကို ဖလမ်းမြို့နယ်အတွင်း ၂၀၁၃ ခုနှစ်မှစ၍ အခြေခံပညာ ကျောင်းများတွင် စတင်သင်ကြားခဲ့ပြီးဖြစ်ကြောင်း သိရသည်။

 

ခရိုင် (ပြန်/ဆက်)