ဖမ်းဆီးရမိ ဓာတုပစ္စည်းများနှင့် မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင် အသုံးပြုသော ဆက်စပ်ပစ္စည်းများ ဖျက်ဆီး

နေပြည်တော်  ၂၃   ဇွန်

 

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အကြို ဖမ်းဆီးရမိဓာတုပစ္စည်းများနှင့် မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင် အသုံးပြုသော ဆက်စပ်ပစ္စည်းများ ဖျက်ဆီးခြင်းကို ယနေ့  နံနက် ၉  နာရီတွင်  ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့ အေးရှားဝေါလ် တိုးဂိတ်အနီးကွင်းပြင်၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော COVID-19 ရောဂါဆိုင်ရာ ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ ပြုလုပ်သည်။

 

အခမ်းအနားသို့ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီး ကာကွယ်ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌနှင့် ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်အောင်ဇော်အေး နှင့် တာဝန်ရှိသူများ၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) ပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှူး ဦးကျော်သူဇော် နှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ကွတ်ခိုင်မြို့ နယ်မြေခံတပ်မှ စစ်ဗျူဟာမှူးနှင့် တပ်မတော်သားများ၊ မူဆယ် ခရိုင်ရဲတပ်ဖွဲ့မှူးနှင့် နယ်မြေခံ ရဲတပ်ဖွဲ့ဝင်များ၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ ဒေသခံတိုင်းရင်းသား ပြည်သူများ တက်ရောက်ကြသည်။

 

9

 

အခမ်းအနားတွင် ရှမ်းပြည်နယ်(မြောက်ပိုင်း) ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးကျော် သူဇော် က အဖွင့်အမှာစကားပြောကြားပြီး မူဆယ်ခရိုင်ရဲတပ်ဖွဲ့မှူးက ဖမ်းဆီးရမိ ဓာတုပစ္စည်းများနှင့် မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင် အသုံးပြုသည့်ဆက်စပ်ပစ္စည်းများ ဖျက်ဆီးမှုနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။

 

ထို့နောက် တက်ရောက်လာသည့် ဧည့်သည်တော်များက  ဖမ်းဆီးရမိဓာတုပစ္စည်းများနှင့်မူးယစ် ဆေးဝါး ထုတ်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများအား ကြည့်ရှုစစ်ဆေးကြပြီး   ဖမ်းဆီး ရမိ ဓာတုပစ္စည်းများအား မြေမြှုပ်ဖျက်ဆီးခြင်းနှင့် မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများအား စက်ယန္တရားများအသုံးပြု၍ ဖျက်ဆီးခြင်းများ ဆောင်ရွက်ကြသည်။

 

2

 

ယနေ့ဖျက်ဆီးသည့် ဖမ်းဆီးရမိဓာတုပစ္စည်းများနှင့် မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများသည် ၂၀၂၀ ပြည့်နှစ်၊ နှစ်ဆန်းပိုင်းက ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်၊ လွယ်ခန်ဒေသတွင် တပ်မတော်စစ်ကြောင်းများ၏ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က နယ်မြေလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးတို့အတွက် အထူး စစ်ဆင်ရေး ပြုလုပ်သိမ်းဆည်းရမိသော ဓာတုပစ္စည်း ၄၇ မျိုးနှင့် မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းအမျိုး ၅၀ ၊  တန်ဖိုးငွေကျပ်သန်းပေါင်း ၃၃၇၉ သန်းခန့် (အမေရိကန် ဒေါ်လာ ၂ ဒသ ၃ သန်းကျော်) တို့ဖြစ်ကြောင်း သတင်းရရှိသည်။

 

(သတင်းစဉ်)