ဖွံ့ဖြိုးဝေစည် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဆီ

သတင်းဆောင်းပါး - ဒေါက်တာတင်မာမာဦး

နာဂ  ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ သည်  မြန်မာနိုင်ငံ၏  အနောက်မြောက် ဘက်တွင်တည်ရှိပြီး စစ်ကိုင်းတိုင်းဒေသ ကြီး၏   တစ်ခုတည်းသော   ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ   ဒေသလည်းဖြစ်သည်။  နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် လဟယ်မြို့နယ်၊ လေရှီးမြို့နယ်၊ နန်းယွန်း မြို့နယ်နှင့် ထန်ပါခွေ၊ ဆွမ္မရာ၊ ပန်ဆောင်၊ ဒုံဟီးမြို့များပါဝင်ပြီး    ကျေးရွာအုပ်စု ၁၁၆  အုပ်စု၊  ကျေးရွာပေါင်း ၂၆၆ ရွာ တို့ဖြင့် လူဦးရေ ၁၃၇၈၆၁  ဦး  နေထိုင် လျက်ရှိသည်။

နာဂဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက်  ပူးပေါင်းဆောင်ရွက် 

နာဂဒေသသည်         တောင်ကုန်း တောင်တန်းများ    ထူထပ်ပေါများကာ မြေပြန့်ဒေသ     နည်းပါးပြီး    လမ်းပန်း ဆက်သွယ်ရေးခက်ခဲကာ   ဒေသခံများ အနေဖြင့်လည်း  တောင်ယာစိုက်ပျိုးရေး  လုပ်ငန်းကိုသာ      အဓိကစီးပွားရေး လုပ်ငန်းအဖြစ်   လုပ်ကိုင်ခဲ့ကြသဖြင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ဒေသ များအနက် ဖွံ့ဖြိုးတိုးတက်မှု နည်းပါးခဲ့ သောဒေသ ဖြစ်ခဲ့ရသည်။ နိုင်ငံတော်စီမံ  အုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်ချက် အရ     ပြည်ထောင်စုဝန်ကြီးဌာနများ နှင့်     တိုင်းဒေသကြီးအစိုးရအဖွဲ့တို့  ပူးပေါင်း၍  နာဂဒေသ  ဖွံ့ဖြိုးတိုးတက် ရေးအတွက်   ပူးပေါင်းဆောင်ရွက်လျက် ရှိသည်။ 

နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့်  နယ်စပ်ဒေသ  တည်ငြိမ်အေးချမ်းရေး၊ နယ်စပ် ဒေသများ   ဖွံ့ဖြိုးတိုးတက်စေရေး၊  နယ်စပ်ဒေသတွင် နေထိုင်သော ပြည်သူ များ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက် ရေးနှင့်   နယ်စပ်ဒေသတိုင်းရင်းသား လူမျိုးများ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးစေရေးဟူသော    မူဝါဒ(၄)ရပ်နှင့် အညီ အကောင်အထည်ဖော် ဆောင်ရွက် ပေးလျက်ရှိသည်။

နိုင်ငံအဝှမ်း   လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေးအတွက် အဓိကလိုအပ်ချက် ဖြစ်သော    လမ်းပန်းဆက်သွယ်ရေး လုပ်ငန်းနှင့်  ဘက်စုံ၊    ကဏ္ဍစုံ   ဖွံ့ဖြိုး တိုးတက်ရေးအတွက်       လူ့စွမ်းအား အရင်းအမြစ်  ဖွံ့ဖြိုးတိုးတက်ရေးတို့ကို လည်း တစ်နိုင်ငံလုံး အကြားအလပ်မရှိ  စနစ်တကျ      အစီအမံများချမှတ်၍ အကောင်အထည်ဖော် ဆောင်ရွက်ပေး လျက်ရှိရာ  “အကြောင်းအမျိုးမျိုးကြောင့် ဖွံ့ဖြိုးမှုနောက်ကျကျန်ခဲ့ရသည့် နယ်စပ် ဒေသနှင့်  တိုင်းရင်းသားလူမျိုးများ၏  ဖွံ့ဖြိုးတိုးတက်မှုကို    ပြည်နယ်ပြည်မ အကြားအလပ်မရှိစေရေး  အရှိန်အဟုန် မြှင့်တင်ဆောင်ရွက်ပေးရန်”   ရည်မှန်း ချက်ကိုလည်း ချမှတ်အကောင်အထည် ဖော် ဆောင်ရွက်လျက်ရှိသည်။

အခြေခံအဆောက်အအုံများ တည်ဆောက်

စစ်ကိုင်းတိုင်းဒေသကြီး   အတွင်း နယ်စပ်ဒေသ   ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်        တိုင်းဒေသကြီး အတွင်း      လမ်းပန်းဆက်သွယ်ရေး ခက်ခဲပြီး   ဒေသဖွံ့ဖြိုးမှုနည်းပါးသည့်  နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ဒေသခံ တိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွား ဘဝဖွံ့ဖြိုးလာစေရေးအတွက်  အခြေခံ အဆောက်အအုံများဖြစ်သည့်  လမ်းသစ် များဖောက်လုပ်ခြင်း၊     တံတားများ တည်ဆောက်ပေးခြင်းနှင့် တည်ဆောက် ပြီး လမ်း၊ တံတားများအား အဆင့်မြှင့်တင် ပေးခြင်းများအား ဆောင်ရွက်ပေးလျက် ရှိသည်။

အထက်ချင်းတွင်းဒေသ     ဖွံ့ဖြိုး တိုးတက်ရေးအတွက်    အရေးပါသည့် ချင်းတွင်း     မြစ်ကူးတံတားကြီးများ ဖြစ်သော  ချင်းတွင်းတံတား (ကလေးဝ)၊  ချင်းတွင်းတံတား(ဟုမ္မလင်း)          နှင့် ချင်းတွင်းတံတား (ခန္တီး)တို့အား အချိန်တို အတွင်းပြီးစီးအောင်     တည်ဆောက် ပေးခဲ့ပြီး ယခုလက်ရှိတွင်လည်း ချင်းတွင်း တံတား  (ထမံသီ) အား   တည်ဆောက် ပေးလျက်ရှိရာ  အဆိုပါတံတား     ပြီးစီး သွားပါက   ချင်းတွင်းမြစ်    အရှေ့ဘက် ကမ်းရှိ ခန္တီး၊  ဟုမ္မလင်း၊  ဖောင်းပြင်မြို့ များနှင့်    ချင်းတွင်းမြစ်အနောက်ဘက် ကမ်းရှိ လေရှီး၊ ဆွမ္မရာဒေသမှ ဒေသခံ ပြည်သူများ  ခရီးသွားလာမှု   မြန်ဆန် ကောင်းမွန်ပြီး မိမိသွားလိုသည့် ဒေသ များသို့ အချိန်တိုအတွင်း ဘေးအန္တရာယ် ကင်းရှင်းစွာဖြင့် လွယ်လင့်တကူသွားလာ နိုင်တော့မည်ဖြစ်သည်။

နန့်စလိမ်ချောင်းတံတား

နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ ဝင်ပေါက်ဖြစ်သည့် ခန္တီးမြို့နယ် ခန္တီး- ဆင်သေ- လဟယ်လမ်းပေါ်ရှိ   တံတား အရှည် ၃၃၀ ဒသမ ၄၅ ပေ၊  တံတား အကျယ် ၃၀  ဒသမ  ၅  ပေ၊  တံတား ကင်းလွတ် အမြင့် သုံးပေ၊ တံတားခံနိုင် ဝန် တန် ၆၀  ရှိသည့်   နန့်စလိမ်ချောင်း  တံတားကိုလည်း  ၂၀၂၂ ခုနှစ် ဇူလိုင်လ ၂ ရက်နေ့တွင်  နယ်စပ်ရေးရာဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က  တက်ရောက်ဖွင့်လှစ် ပေးခဲ့ပြီးဖြစ်သည်။ 

နာဂ   ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ  နယ်စပ်ဒေသ  ဖွံ့ဖြိုးရေးလုပ်ငန်းများကို  ၁၉၉၄-၁၉၉၅ ခုနှစ် ဘဏ္ဍာနှစ်မှစတင်၍ ဒေသအကျယ်အဝန်း   ၅၁၆၈  ဒသမ     ၁၉၉   စတုရန်းမိုင်အတွင်း  ဖြန့်ကြက်၍  အကောင်အထည်ဖော်        ဆောင်ရွက် လျက်ရှိရာ  နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီလက်ထက်မှစတင်၍     နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ     ဒေသတွင် ပြည်ထောင်စုရန်ပုံငွေကျပ် ၅၆၈၃ ဒသမ ၃၀၁ သန်းနှင့်  တိုင်းဒေသကြီး ရန်ပုံငွေ ကျပ် ၇၈၇၄ ဒသမ ၈၇ သန်း   စုစုပေါင်း ငွေကျပ် ၁၃၅၅၈ ဒသမ ၁၇၁ သန်းဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ  အကောင် အထည်ဖော်   ဆောင်ရွက်ပေးလျက်ရှိ သည့်အပြင် အိန္ဒိယသမ္မတနိုင်ငံ အကူ အညီဖြင့်လည်း လမ်းတံတား ဖောက်လုပ်တည်ဆောက် ခြင်း၊   စာသင်ကျောင်းများ၊   ကျေးလက် ကျန်းမာရေးဌာနခွဲများ          ဆောက်လုပ် ခြင်း  စသည့်လုပ်ငန်းပေါင်း  ၈၉   ခု အတွက် ထောက်ပံ့ငွေကျပ် ၁၄၅၆၆ ဒသမ ၇၄၂ သန်းဖြင့်   အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိသည်။


လေရှီးမြို့နယ်၊   လဟယ်မြို့နယ်၊ နန်းယွန်းမြို့နယ်တို့တွင် နယ်စပ်ရေးရာ ဝန်ကြီးဌာန  ပြည်ထောင်စုရန်ပုံငွေနှင့်   စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ တိုင်းဒေသကြီးရန်ပုံငွေတို့ဖြင့် ဘဏ္ဍာနှစ် အလိုက် လမ်း/တံတားလုပ်ငန်း၊ ရေရရှိ ရေးလုပ်ငန်း၊  လျှပ်စစ်ဓာတ်အားလုပ်ငန်း၊ သာသနာရေးလုပ်ငန်းနှင့် ငြိမ်းချမ်းရေး အတွက် တည်ဆောက်မှုလုပ်ငန်းများ အား  အဓိကထား၍   တည်ဆောက်ပေး လျက်ရှိရာ  လောင်ငေါက်-  ထန်ပါခွေ လမ်း၊ ထန်ပါခွေ- တာမောင်- မခွါလယ် လမ်း၊ ဟွေကွန်- စစ်ဖောင်- ကျွန်းခေါင် လမ်း၊ ဆင်သေ - လဟယ် ၄၉ မိုင် လမ်းခွဲ  မှ ဆွပ္ပလော်ရှောင် -  ကုန်းလမ်း - ထုံစံ- ကျွန်းခေါင်လမ်း၊ ကုန်းလမ်း - ဟွေကွန် လမ်း၊ ဆင်သေ -လဟယ် -  ၁၈  မိုင် လမ်းခွဲမှ ကုန်းခေါင် - ပါဆောင် - ပါရိုး  -ထန်ပါခွေလမ်း - တိုက်ရံ - မော်ဖွန် -  မွန်တုံးညို - ယမ်းကြုံးလမ်း၊ တိုက်ရံ - ခမ္မလား -ထန်ခေါ်နောက်ကုန်း - ဟန်ဆင် လမ်း၊ လဟယ်-ခါးလယ်-နန့်ဖုတ်ချောင်း - မကော်ရိန်လမ်း၊ လဟယ် - တိုက်ရံ - ပုံညို - ဝေလံလမ်း၊ လန်ထိန်လမ်းခွဲ - တွေးထွေနောက်ကျော - လောင်ဂီ -  ယမ်းကြုံး- ဂမ်းညရွာဟောင်း- လုံဝသိင်္ခ လမ်း၊ လဟယ် - ဟွေထိုက် -  ပုံညို နောက်အင်းလမ်း၊ လဟယ်- ဒုံဟီးလမ်း နှင့်                   လဟယ်-       လေရှီးမြို့နယ်ချင်း   ဆက်လမ်းပေါ်ရှိ ပါတွန် - စိန်ကြာညု-စိန်လာ-ဆားလင်လမ်းများ၊ နန်းယွန်း- ပန်ဆောင်လမ်း၊      ပန်ဆောင်မြို့-    နောင်ယန်း    အင်းပတ်လမ်းများကို ဖောက်လုပ်ပေးခြင်း၊     ပန်ဆောင်မြို့၏ သောက်သုံးရေ    ရရှိရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊  ကွန်ကရစ်တံတား များ၊ ဘေလီတံတားများ  ဆောက်လုပ် ပေးခြင်း၊   စိုက်ပျိုးရေသွယ်တန်းခြင်း၊ ဒေသခံများ၏ ပညာရေးနှင့် ကျန်းမာရေး ကဏ္ဍ တိုးတက်စေရေးအတွက် စာသင် ကျောင်းများ၊     ဝန်ထမ်းနေအိမ်များ နှင့်    ကျန်းမာရေးဆေးပေးခန်းများ တည်ဆောက်ခြင်း    စသည့်လုပ်ငန်း များကိုလည်း    အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့သည်။ 

ထောက်ပံ့မှုများဆောင်ရွက်

နာဂလူမျိုးများ   အထွတ်အမြတ် ထားကျင်းပသည့် ၂၀၂၂ ခုနှစ် ဇန်နဝါရီလ  ၁၅ ရက်နေ့  နာဂရိုးရာ နှစ်သစ်ကူးပွဲတော် သို့  တိုင်းဒေသကြီးအစိုးရအဖွဲ့၊  ဝန်ကြီး ချုပ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တာဝန်ရှိသူများ ကိုယ်တိုင် တက်ရောက်  အားပေးချီးမြှင့်ခဲ့ကြပြီး နာဂဒေသအား  ဘက်စုံ၊  ကဏ္ဍစုံမှ အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်စေရေး အတွက်  ထောက်ပံ့မှုများ   ဆောင်ရွက် ခဲ့ရာ ၂၀၁၆ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ  ငွေကျပ် ၁၃၂၃ ဒသမ ၀၂၇ သန်း တန်ဖိုးရှိ ဆန်အိတ်၊ သွပ်၊ ဆိုလာမီး၊ စောင်နှင့် ကျောင်းသုံးဗလာစာအုပ်များ၊  ကျောင်း ဝတ်စုံများအား  ထောက်ပံ့ပေးအပ်ခဲ့ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးချုပ် ၏ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်နေ့   နန်းယွန်းမြို့သို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း များအား   သွားရောက်စစ်ဆေးခဲ့သည့် ခရီးစဉ်တွင် ဒေသခံများအတွက် အခြေခံ  စားသောက်ကုန်ဖြစ်သည့်   ဆန်အိတ် ၅၀၀  နှင့်   တစ်အိမ်သုံးဆိုလာအစုံ  ၂၀၀  ကိုလည်းကောင်း၊      နယ်စပ်ရေးရာ ဝန်ကြီးဌာနက ပေးအပ်သည့် ဆန်အိတ်   ၈၅၀   ကိုလည်းကောင်း   ထောက်ပံ့ ပေးအပ်ခဲ့ပြီး နယ်စပ်ရေးရာဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး  ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၏  ၂၀၂၂ ခုနှစ် ဇွန်လ ၂၉ ရက်နေ့ နာဂဒေသဖွံ့ဖြိုးရေးခရီးစဉ် တွင်လည်း ဆန်အိတ် ၁၀၀၊  တစ်အိမ်သုံး ဆိုလာအစုံ ၁၀၀၊   ကျောင်းသုံးဗလာ စာအုပ်ဒါဇင် ၃၀၀နှင့် ကျောင်းဝတ်စုံအစုံ ၃၀၀ တို့ကို ထောက်ပံ့ပေးအပ်ခဲ့သည်။ 

တိုင်းဒေသကြီး  အစိုးရအဖွဲ့အနေ ဖြင့် ဒေသခံတောင်သူလယ်သမားများ အတွက် ၂၀၂၁ - ၂၀၂၂ ဘဏ္ဍာနှစ်အတွင်း လဟယ်မြို့နယ်တွင် အဆင့်မြင့်လယ်ယာ မြေဧက ၃၀ နှင့် လှေကားထစ် လယ်ယာ မြေ   ၁၅  ဧက ကို  ဖော်ထုတ်ပေးခဲ့သည့် အပြင် ယခုနှစ်တွင် လဟယ်မြို့မျက်နှာစာ အရှေ့ဘက်ခြမ်းရှိ တောင်ကုန်းများတွင် တောင်စောင်း  စိုက်ပျိုးနည်းစနစ်ဖြင့် စိုက်ပျိုးရန်   ၁၀    ဧကကို   တိုးချဲ့ ဖော်ဆောင်ပြီးဖြစ်၍    လဟယ်မြို့နယ်  တိုက်ရံကျေးရွာတွင်      ကုန်းမြင့်လယ်ယာ ဧက  ၃၀၀ ထပ်မံဖော်ထုတ်ပေးရန် စီစဉ် ဆောင်ရွက်လျက်ရှိသကဲ့သို့ စိုက်ပျိုးရေး  ဦးစီးဌာနအနေဖြင့်လည်း  မျိုးစေ့များ၊ ပျိုးပင်များ   ထောက်ပံ့ပေးအပ်ခြင်းနှင့် နည်းပညာပေးလုပ်ငန်းများ  ဆောင်ရွက် ခဲ့ခြင်းကြောင့် ဒေသ၏ လယ်ယာကဏ္ဍ သည်လည်း   တိုးတက်လာပေဦးမည် ဖြစ်သည်။ 

နေဗီယာမြက်များ စမ်းသပ်စိုက်ပျိုး

ဒေသခံများအား မွေးမြူရေးလုပ်ငန်း များ  တွဲဖက်လုပ်ကိုင်နိုင်ရေးအတွက်  နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသအတွင်း နွားနောက်  ၅၀၁၇ ကောင်၊ ကျွဲ  ၇၁၁၂ ကောင်၊  နွား ၉၆၉၂ ကောင်၊ ဆိတ် ၄၉၄၄ ကောင်၊ ဝက် ၅၁၅၉၇ ကောင်၊ ကြက် ၂၅၅၀၇၀ နှင့် ဘဲကောင်ရေ ၃၂၆၄၀ ကို မွေးမြူနိုင်ရေး ဆောင်ရွက်ထားသကဲ့သို့ မွေးမြူထားသည့်    တိရစ္ဆာန်များကို မွေးမြူရေးနှင့်    ကုသရေးဦးစီးဌာနက ကာကွယ်ဆေးများ  ထိုးနှံပေးခြင်းနှင့်  တိရစ္ဆာန်အစာအဖြစ်     နေဗီယာမြက်များ    စမ်းသပ်စိုက်ပျိုးပေးခြင်းများ ဆောင်ရွက် ပေးလျက်ရှိသည်။

 နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အတွင်း   လမ်းပန်းဆက်သွယ်ရေးကို အရှိန်မြှင့်         ဆောင်ရွက်ပေးမှုကြောင့် သွားလာဆက်သွယ်ရေး   လွယ်ကူသွား သည့်အတွက်   နာဂသွေးချင်းများ၏ အဓိက အလုပ်အကိုင် အသက်မွေးဝမ်း ကျောင်းဖြစ်သည့်  စိုက်ပျိုးမွေးမြူရေး ကဏ္ဍကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက် နိုင်တော့မည်ဖြစ်သကဲ့သို့  ထွက်ရှိလာ သည့်   စိုက်ပျိုးရေးနှင့်   မွေးမြူရေး ထွက်ကုန်များကိုလည်း လေရှီး-လဟယ်- ခန္တီးလမ်းမှတစ်ဆင့် မြေပြန့်ဒေသများသို့ အလွယ်တကူ    တင်ပို့ရောင်းချနိုင်ခြင်း ဖြင့် စီးပွားရေးကွင်းဆက် ဖွံ့ဖြိုးတိုးတက် လာမည်ဖြစ်သည်။
နာဂဒေသ    ဖွံ့ဖြိုးတိုးတက်ရေး အတွက်   ဆောင်ရွက်ပေးရန်  လိုအပ် လျက်ရှိသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း များအား  နိုင်ငံတော်နှင့်  တိုင်းဒေသကြီး အစိုးရအဖွဲ့က ဘက်ပေါင်းစုံမှ စဉ်ဆက်   မပြတ် ဖြည့်ဆည်းဆောင်ရွက်ပေးလျက် ရှိရာ  နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအနေဖြင့်  ရာသီမရွေး၊  အချိန်အခါမရွေး  သွားလာရေးလွယ်ကူကာ ဒေသကုန်စည်  စီးဆင်းမှုများ မြန်ဆန်ပြီး မြေပြန့်ဒေသ များနည်းတူ  ဖွံ့ဖြိုးတိုးတက်လာတော့ မည်ဖြစ်ကြောင်း  ရေးသားတင်ပြအပ် ပါသည်။          ။