ဖူဆယ်လိဂ်ပြိုင်ပွဲ  ပွဲစဉ် (၁၃) ဇန်နဝါရီ ၂၉ ရက်တွင် ကျင်းပမည်

၂၈ ဇန်နဝါရီ

   

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ကြီးမှူး၍ Myanmar ၏ ပံ့ပိုးမှုဖြင့် ကျင်းပသည့် ၂၀၁၈-၂၀၁၉ ရာသီ ဖူဆယ်လိဂ်ပြိုင်ပွဲ ပွဲစဉ် (၁၃) ကို ဇန်နဝါရီ ၂၉ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး ဒုတိယနေရာမှ VUC အသင်းနှင့် တတိယနေရာမှ GV Athletic အသင်းတို့ ထိပ်တိုက်တွေ့ဆုံလျက်ရှိသည်။

   

ပွဲစဉ် (၁၃) အဖြစ် နံနက် ၈ နာရီတွင် PU အသင်းနှင့် Comrade အသင်း၊ နံနက် ၉ နာရီခွဲတွင် MIC အသင်းနှင့် AMM အသင်း၊ နံနက် ၁၁ နာရီတွင် VUC အသင်းနှင့် GV Athletic အသင်း၊ မွန်းလွဲ ၁၂ နာရီခွဲတွင် Titan XII အသင်းနှင့် MFF ယူ-၁၉ အသင်း၊ မွန်းလွဲ ၂ နာရီတွင် UPT အသင်းနှင့် မြို့မ YTD အသင်း၊ ညနေ ၃ နာရီခွဲတွင် White Colour အသင်းနှင့် ရွှေမြဝတီအသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ ပွဲစဉ် (၁၂) အပြီးတွင်  MIC အသင်းက ၃၆ မှတ်ဖြင့် ထိပ်ဆုံးမှ ဦးဆောင်လျက်ရှိပြီး VUC အသင်းက ၃၃ မှတ်၊ GV Athletic နှင့် မြို့မအသင်းက ၂၄ မှတ်စီ၊ UPT အသင်းက ၁၈ မှတ်၊ ရွှေမြဝတီအသင်းက ၁၇ မှတ်၊ AMM အသင်းက ၁၅ မှတ်၊ Comrade အသင်းက ၁၄ မှတ်၊ PU အသင်းက ၁၀ မှတ်၊ MFF ယူ-၁၉ အသင်း ကိုးမှတ်၊  Titan XII အသင်းက  ရှစ်မှတ်၊  White Colour အသင်းက လေးမှတ်ရထားသည်။


   

ထိပ်ဆုံးမှ MIC အသင်းကို ဆက်လက်ဖိအားပေးနိုင်ရန်အတွက် VUC အသင်းအနေဖြင့် အမှားခံ၍မရဘဲ ယခုပွဲမှာလည်း တတိယနေရာမှ GV Ahthletic အသင်းနှင့် တွေ့ဆုံနေသောကြောင့် ရုန်းကန်ရဖွယ်ရှိနေသည်။ GV Athletic အသင်းမှာလည်း စတုတ္ထနေရာမှ မြို့မ YTD အသင်း၏ အမှတ်တူဖြင့် ဖိအားပေးနေသောကြောင့် အမှတ်လျော့ပါက အဆင့်ရပ်တည်မှု အပြောင်းအလဲဖြစ်ဖွယ်ရှိနေရာ ယင်းပွဲမှာ ပွဲစဉ် (၁၃) ၏ အကောင်းဆုံး ပွဲဖြစ်လာနိုင်သည်။

 

သတင်း-ရဲရင့်ရှိုင်း