ဖူဆယ်လိဂ်ပြိုင်ပွဲ ပွဲစဉ် (၁၅) ဖေဖော်ဝါရီ ၆ ရက်တွင် ကျင်းပမည်

၅ ဇန်နဝါရီ

 

၂၀၁၈-၂၀၁၉ ရာသီ ဖူဆယ်လိဂ်ပြိုင်ပွဲ ပွဲစဉ် (၁၅) ကို ဖေဖော်ဝါရီ ၆ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်သည်။ ထိပ်ဆုံးမှ MIC အသင်းသည် ပွဲချောင်နေပြီး ဒုတိယနေရာမှ VUC အသင်းမှာမူ ပွဲကြပ်ကစားရမည် ဖြစ်သည်။

 

ပွဲစဉ် (၁၅) အဖြစ် နံနက် ၈ နာရီတွင် VUC အသင်းနှင့် မြို့မ YTD အသင်း၊ နံနက် ၉ နာရီခွဲတွင် MIC အသင်းနှင့် MFF ယူ-၁၉ အသင်း၊ နံနက် ၁၁ နာရီတွင် PU အသင်းနှင့် GV Athletic အသင်း၊ မွန်းလွဲ ၁၂ နာရီခွဲတွင် Titan XII အသင်းနှင့် White Colour အသင်း၊ မွန်းလွဲ ၂ နာရီတွင် UPT အသင်းနှင့် ရွှေမြဝတီအသင်း၊  ညနေ ၃ နာရီခွဲတွင် Comrade အသင်းနှင့် AMM အသင်းတို့ ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။ 

 

ပွဲစဉ် (၁၄) အပြီးတွင် MIC အသင်းက ၄၂ မှတ်ဖြင့် ဦးဆောင်နေပြီး VUC အသင်းက ၃၉ မှတ်၊ မြို့မ YTD အသင်းက ရမှတ် ၃၀၊ GV Athletic အသင်းက ၂၄ မှတ်၊ ရွှေမြဝတီအသင်းက ၂၃ မှတ်၊ UPT အသင်းက ၂၁ မှတ်၊ AMM အသင်း က ၁၈ မှတ်၊ Comrade အသင်းက ၁၇ မှတ်၊ Titan XII အသင်းက ၁၁ မှတ်၊ PU အသင်းက ၁၀ မှတ်၊ MFF ယူ-၁၉ အသင်းက ကိုးမှတ်၊ White Colour အသင်းက လေးမှတ်ရထားသည်။

 

ဒုတိယနေရာမှ VUC အသင်းနှင့် တတိယနေရာမှ မြို့မအသင်းတို့၏ တွေ့ဆုံမှုမှာ စိတ်ဝင်စားစရာကောင်းနေပြီး ပြိုင်ဆိုင်မှု ပြင်းထန်ဖွယ်ရှိနေသည်။

 

ရဲရင့်ရှိုင်း