ဖြူးမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကွင်းဆက်ပြတ်တောက်နိုင်ရေးအသိပညာပေးခြင်းနှင့် ကာကွယ်ဆေးထိုးနှံရေး နှိုးဆော်

mdn

ဖြူး       ဩဂုတ် ၅

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ ရောဂါကူးစက်ဖြစ်ပွားနေမှုကို လျော့နည်း စေကာ ရောဂါကွင်းဆက်ပြတ်တောက် နိုင်ရေးနှင့်မိဘပြည်သူများအားပူးပေါင်း ပါဝင်ဆောင်ရွက် ကြရန် အသိပညာပေးနှိုးဆော်ခြင်းများကို ဆောင်ရွက်လျက်ရှိရာ ဩဂုတ်(၅)ရက် နံနက် အစောပိုင်းက စတင်၍ ကိုဗစ်-၁၉ ရောဂါကူးစက်မှုများမရှိစေရေး အသိပညာပေးခြင်းနှင့် ကာကွယ်ဆေး ထိုးနှံရေး နှိုးဆော်ခြင်းများကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဆောင်ရွက်ခဲ့ကြောင်း သိရ သည်။

 ထိုသို့ နှိုးဆော်ရာတွင်ကျန်းမာရေးဝန်ကြီးဌာနမှထုတ်ပြန်ထားသည့် ရောဂါကာကွယ်ရေးဆိုင်ရာ ထုတ်ပြန်ချက်များ၊ ကိုဗစ်-၁၉ရောဂါကူးစက်မှုရောဂါ ကွင်းဆက်ပြတ်တောက်နိုင်ရေးအချက်များ၊ မဖြစ် မနေအရေးကြီးကိစ္စများ၊သွားလာရာ၌ပါးစပ်နှင့်နှာခေါင်းစည်းMaskများစနစ်တကျတပ်ဆင် သွားလာ နိုင်ရန်၊ အပြင်မှပြန်လာပြီးတိုင်း ရောဂါကာကွယ်ရေး နည်းလမ်းများနှင့်အညီဆောင်ရွက်ကြရန်၊ ကူးစက် ရောဂါပြန့်ပွားမှုအား အမြန်ကာကွယ် တားဆီးထိန်းချုပ်နိုင်ရေးအတွက် ရောဂါကာကွယ်ရေး လုပ်ငန်း များကို မိဘပြည်သူများအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက် ကြရန်နှင့် ကာကွယ်ဆေး ထိုးနှံနိုင်ရေး အချိန်ရက်နှင့်ထိုးနှံပေးမည့်နေရာများအားအသိပေးတိုက်တွန်းနှိုးဆော်ချက်များကိုဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဖြူးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကူးစက်ခံရသူ နေ့စဉ်တိုးနေလျှက်ရှိပြီး ယနေ့ထိ (၁၀၄၈)ဦး၊ သေဆုံးသူ(၅၈)ဦးအထိရှိနေကာ လက်တလော ကာကွယ်ဆေးထိုးနှံပေးနိုင်မှု(၃၀၅၈)ဦးခန့်ရှိကြောင်း သိရသည်။


နေမျိုးလွင်(ပြန်/ဆက်)