ဖြူးမြို့နယ်၌  ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ ရွေ့လျားမော်တော်ယာဉ်ဖြင့် အခမဲ့စစ်ဆေးပေး

ဖြူး   စက်တင်ဘာ   ၁၃

 

ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ ရွေ့လျားမော်တော်ယာဉ်ဖြင့် အခမဲ့စစ်ဆေးပေးခြင်း ကို ယနေ့ နံနက် ၉ နာရီက ဘိုးဘွားရိပ်သာနှင့် အုတ်ဖြတ်အုပ်ချုပ်ရေးမှူးရုံးတို့တွင် စစ်ဆေးပေးခဲ့ကြောင်း သိရသည်။

 

ဖြူးမြို့နယ်သည် နေအိမ်တွင်နေထိုင်ရေး(Stay at Home) အစီအစဉ်တွင် အကျုံးဝင်လျက်ရှိသည့် မြို့နယ်ဖြစ်ပြီး ဩဂုတ်လမှစတင်၍ ရွေ့လျားမော်တော်ယာဉ်ဖြင့် စုရပ်နေရာများသတ်မှတ်ကာ ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ အခမဲ့စစ်ဆေးပေးလျက်ရှိရာ  လူဦးရေ(၈၈၀၀)ကျော် စစ်ဆေးပေးနိုင်ခဲ့ပြီး ရောဂါပိုးတွေ့ရှိသူ ၂၇ ဦးရှိကြောင်း၊ ကျန်ရှိသူများကို ဆက်လက်စစ်ဆေးပေးသွားမည်ဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ သိရသည်။

(မြို့နယ် ပြန်/ဆက်)