ဖယ်ခုံ၊ ဆီဆိုင်နှင့် ပင်လောင်းမြို့နယ်တို့၌ ဘိန်းစိုက်ခင်း  ၅၇ ဒသမ ၅ ဧကခန့် ဖျက်ဆီး

နေပြည်တော် ၂ နိုဝင်ဘာ 
ဖယ်ခုံမြို့မရဲစခန်းမှူး ဒုရဲမှူး ကျော်ဇောအောင် ဦးစီးသောပူးပေါင်းအဖွဲ့သည် နိုဝင်ဘာ ၁ ရက်တွင် ဖယ်ခုံမြို့နယ်၊ လတိန်ကျေးရွာ၏တောင်ဘက် ၂ မိုင်ခွဲခန့်အကွာ၌ အမြင့် ၂ ပေခွဲခန့် သီးပွင့်ဆဲ ဘိန်းစိုက်ခင်း ဧက ၂၀၊ ဆီဆိုင်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသီဟန် ဦးစီးသော ပူးပေါင်းအဖွဲ့သည် ဆီဆိုင်မြို့နယ် ဒုံပင်ညိုကျေးရွာ၏ အရှေ့ဘက် ၂ မိုင်ခန့်အကွာ၊ ၎င်းကျေးရွာ အနောက် တောင်ဘက် ၂ မိုင်ခန့်အကွာနှင့် ထီလုံးဆူကျေးရွာ၏ အရှေ့တောင်ဘက် ၂ မိုင်ခွဲခန့်အကွာတို့၌ အမြင့်  ၂ ပေခန့် သီးပွင့်ဆဲ ဘိန်းစိုက်ခင်း ၁၃ ဧက ၊ ပင်လောင်းမြို့နယ် ရဲတပ်ဖွဲ့မှ ဒုရဲမှူး မျိုးလွင် ဦးစီးသော ပူးပေါင်းအဖွဲ့သည် ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာ၏ တောင်ဘက် ၂ မိုင်ခန့် အကွာ၌ အမြင့် ၂ ပေခန့် သီးပွင့်ဆဲ ဘိန်းစိုက်ခင်း ၂၄ ဒသမ ၅ ဧကခန့်အား ဖျက်ဆီးခဲ့ကြောင်း သိရသည်။
(ရဲပြန်ကြား)