ဖယ်ခုံမြို့၌ ကယန်းစာပေနှင့် ယဉ်ကျေးမှုဗဟိုကော်မတီရုံး ဖွင့်ပွဲကျင်းပ

ဖယ်ခုံ ၂၁ ဇူလိုင်

 

တောင်ကြီးခရိုင်၊ ဖယ်ခုံမြို့၌ ကယန်းစာပေနှင့် ယဉ်ကျေးမှုဗဟိုကော်မတီရုံး ဖွင့်ပွဲအခမ်းအနားကို ညောင်ကုန်း (၅) ရပ်ကွက်တွင် ယနေ့နံနက် ၉ နာရီက ကျင်းပသည်။

 

 

ကယန်းစာပေနှင့် ယဉ်ကျေးမှုဗဟိုကော်မတီရုံးကို ခရစ်ယာန်ကက်သလစ်ဆရာတော် ဆရာတော် မာတီးယာဦးရွှေ၊ ကယန်းစာပေနှင့် ယဉ်ကျေးမှုဗဟိုကော်မတီနာယက တိုးချဲ့ညောင်ပင်သာ ကျောင်းထိုင်ဆရာတော် ဆရာတော်ဘဒ္ဒန္တဒေဝိန္ဒ၊ ကယန်းစာပေနှင့် ယဉ်ကျေးမှုဗဟိုကော်မတီ ဥက္ကဋ္ဌ ဦးဖရန်စစ္စကို၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင့်ဇော်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး ရုံးဆိုင်းဘုတ်အား အမွှေးနံ့သာရေဖြင့် ဖျန်းပက်ပေးကြသည်။

 

ထို့နောက် ကယန်းစာပေနှင့် ယဉ်ကျေးမှုဗဟိုကော်မတီ နာယကကြီးများ၊ ကယန်းစာပေနှင့် ယဉ်ကျေးမှုဗဟို ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များတို့က အခမ်းအနား တက်ရောက်လာသော ဧည့်သည်တော်များနှင့် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးကြပြီး ရုံးအတွင်း ကြည့်ရှုလေ့လာ အားပေးခဲ့ကြသည်။

 

 

ဆက်လက်ပြီး အခမ်းအနားကို ပျိုးခင်ဘော်ဒါ ခန်းမဆောင်တွင် ဆက်လက်ကျင်းပရာ ဆရာတော်သံဃာတော်များ၊ ခရစ်ယာန်ကက်သလစ် ဆရာတော်များ၊ နှစ်ချင်းဆရာတော်များ၊ ကယန်းစာပေနှင့် ယဉ်ကျေးမှုဗဟိုကော်မတီ နာယကကြီးများ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ကယန်းစာပေနှင့် ယဉ်ကျေးမှုဗဟိုကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရှမ်းစာပေနှင့် ယဉ်ကျေးမှု ဗဟိုကော်မတီအဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

 

ကိုထွေး(ဖယ်ခုံ)