ဖယ်ခုံနှင့် လဲချားမြို့နယ်တို့၌ ဘိန်းစိုက်ခင်း ဧက ၃၀ ဖျက်ဆီး

နေပြည်တော် ၁၄ နိုဝင်ဘာ

 

ရှမ်းပြည်နယ်၊ ဖယ်ခုံမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးလင်းနိုင် ဦးစီးပူးပေါင်းအဖွဲ့သည် နိုဝင်ဘာ ၁၃ ရက်က ဖယ်ခုံမြို့နယ်၊ ကောကူကျေးရွာ၏ မြောက်ဘက် မိုင်ခန့်အကွာ၌ အမြင့် ပေခန့် သီးပွင့်ဆဲ ဘိန်းစိုက်ခင်း ၁၀ ဧကခန့်နှင့် ငုပလိုငံကျေးရွာ၏ အနောက်မြောက်ဘက် မိုင်ခွဲခန့်အကွာ၌ အမြင့် ပေခန့် သီးပွင့်ဆဲဘိန်းစိုက်ခင်း ၁၅ ဧကခန့်တို့အား ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

 

အလားတူ လဲချားမြို့မရဲစခန်းမှ ဒုရဲအုပ်အောင်မင်း ဦးစီးပူးပေါင်းအဖွဲ့သည် လဲချားမြို့နယ်၊ ပန်းဆနန်းကျေးရွာအနီး၌ အမြင့် လက်မခန့် အပင်ပေါက် ဘိန်းစိုက်ခင်း ဧကခန့် ဖျက်ဆီးခဲ့ကြောင်း သိရသည်။

 

ရဲပြန်ကြား