ပီအက်စ်ဂျီနဲ့အတူ ချန်ပီယံလိဂ်ဖလားထပ်မံဆွတ်ခူးဖို့ မျှော်လင့်နေတဲ့ မက်ဆီ

mdn

 

သြဂုတ် ၁၃

အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီဟာ ပီအက်စ်ဂျီအသင်းဆီ ရောက်ရှိလာခဲ့ပြီးနောက် ပီအက်စ်ဂျီအသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလားထပ်မံဆွတ်ခူးဖို့မျှော်လင့်ထားတာဟာ သူ့ရဲ့ အိပ်မက်ဖြစ်တယ်လို့ ဖွင့်ဟပြောကြားလာ ပါတယ်။

အသက် ၃၄ နှစ်အရွယ်ရှိ အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီဟာ ဘာစီလိုနာအသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလားလေးကြိမ်အထိရယူဆွတ်ခူးနိုင်ခဲ့တာဖြစ်ပြီး ချန်ပီယံလိဂ်ဖလားကို ၂၀၁၅ ခုနှစ်က နောက်ဆုံးရယူဆွတ်ခူးနိုင် ခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာ ပီအက်စ်ဂျီအသင်းကလည်း အသင်းရဲ့ ပထမဆုံးသော ချန်ပီယံလိဂ်ဆုဖလားကိုရယူနိုင်ဖို့ ကြိုးပမ်းနေတာဖြစ်ပါတယ်။ ပီအက်စ်ဂျီ အသင်းအနေနဲ့ ၂၀၂၀ ပြည့်နှစ်အတွင်းက ချန်ပီယံလိဂ်နောက်ဆုံး ဗိုလ်လုပွဲအထိ တက်လှမ်းနိုင်ခဲ့ပေမယ့် ဗိုလ်လုပွဲမှာ ဘိုင်ယန်မြူးနစ်အသင်းကိုရှုံးပြီး ချန်ပီယံ လိဂ်ဖလားရရှိရေး အိပ်မက်ပျက်ခဲ့ရတာဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်းရဲ့ ကစားသမားတစ်ဦးဖြစ်လာချိန်မှာ ကျွန်တော့်ရဲ့ ရည်မှန်းချက်ပန်းတိုင်နဲ့ အိပ်မက်ကတော့ ပီအက်စ်ဂျီအသင်းနဲ့အတူချန်ပီယံလိဂ်ဖလား တစ်ကြိမ်မကရရှိရေးပဲဖြစ်တယ်လို့ တိုက်စစ်မှူး မက်ဆီက ဆိုပါတယ်။

တိုက်စစ်မှူးမက်ဆီဟာ အသက်၁၃နှစ်အရွယ်ကတည်းက ဘာစီလိုနာအသင်းဆီရောက်ရှိခဲ့ပြီး ဘာစီလိုနာကစား သမားဘဝတစ်လျှောက်မှာ ပွဲစဉ်စုစုပေါင်း ၇၇၈ ပွဲပါဝင်ကစားခဲ့ပြီး သွင်းဂိုးစုစုပေါင်း ၆၇၂ ဂိုးအထိ စံချိန်တင်သွင်းယူနိုင်ခဲ့သူဖြစ်ပါတယ်။ ဒါ့အပြင် တိုက်စစ်မှူး မက်ဆီဟာ ဘာစီလိုနာအသင်းနဲ့အတူ ဘလွန်းဒီအောဆုကို ခြောက်ကြိမ်အထိ ရယူဆွတ်ခူးနိုင်ခဲ့ပြီး ဘာစီလိုနာအသင်းအတွက် ဆုဖလားစုစုပေါင်း ၃၅ လုံးအထိ ရယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။

ငွေကြယ်