ပိတ်စဖြင့်ချုပ်သည့် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေ

ကျွန်းလှ ၉ မေ    

 

စစ်ကိုင်းတိုင်းဒေသကြီး၊   ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့တွင်  ယနေ့ နံနက်ပိုင်းက  ကိုဗစ်-၁၉ ရောဂါ  ကြိုတင်ကာကွယ်ရေးနှင့်   ထိန်းချုပ်နိုင်ရေးအတွက်    မြို့ပေါ်‌ဈေးများရှိ   ဈေးရောင်းချနေသူများကို  ပြည်တွင်းဖြစ် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။  နှာခေါင်းစည်းများကို  စေတနာရှင်ပြည်သူများ၏   လှူဒါန်းမှုဖြင့်  ပိတ်စများဝယ်ယူကာ   စက်ချုပ်ဆိုင်များမှ  အခမဲ့လုပ်အားဒါနဖြင့် ချုပ်လုပ်ပေးခြင်းဖြစ်ကြောင်း ပိတောက်မြိုင်ရပ်ကွက်နေ ဒေါ်နွေးယုယုဇော်မှ ပြောကြားပါသည်။

 

နှာခေါင်းစည်းစုစုပေါင်း (၁၂၀၀) ခန့်ကို  ပိတောက်မြိုင်ဈေး၊ ပျဉ်းမမြိုင်ဈေးနှင့် သစ်ရာမြိုင်ရပ်ကွက်ရှိ  ယာယီပျံကျဈေးများတွင်  ဈေးရောင်းချနေသူများအား  ဖြန့်ဝေပေးခြင်း ပညာပေးဟောပြောခြင်းများကို   စေတနာ့ဝန်ထမ်းများနှင့်    မြို့နယ်စည်ပင်သာယာရေး ဝန်ထမ်းများက   ပူးပေါင်းဆောင်ရွက် ပေးခဲ့ကြကြောင်း  သိရသည်။

 

(မြို့နယ်ပြန်/ဆက်)