ပို့ကုန်တိုးမြှင့်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ

နေပြည်တော် ဧပြီ ၁၄

 

နိုင်ငံတော်အနေဖြင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပို့ကုန်မြှင့်တင်ရေး လုပ်ငန်းများကို အလေးပေးဆောင်ရွက်လျက်ရှိရာ အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုအနေဖြင့် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်(UMFCCI) တို့ ပူးပေါင်းစီစဉ်၍ ပို့ကုန်တိုးမြှင့်ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ဧပြီ ၁၄ ရက်တွင် အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းများဖြစ်သော ဆူးလေဆိပ်ကမ်း(SPW-6)နှင့် မြန်မာ့စက်မှုဆိပ်ကမ်း(MIP-2)တို့မှ သင်္ဘောနှစ်စီးဖြင့် ပြောင်းဖူးစေ့ တန်ချိန် ၅၁၀၄၃ တန်တင်ပို့ခဲ့သည်။

 

အလားတူ မြန်မာ့စက်မှုဆိပ်ကမ်း (MIP-3)နှင့် (MIP-4) အေရှားဝေါဆိပ်ကမ်း (AWPT-1) နှင့် (AWPT-3) ဆိပ်ကမ်းများတွင်လည်း ရေထွက်ကုန်ပစ္စည်းများ၊ ဆန်၊ ပဲ၊ ပြောင်းတို့ကို သင်္ဘောတင် ဆောင်လျှက်ရှိသည်။

 

ဧပြီ ၁၅ ရက်တွင် ယခင်ဗိုလ်အောင်ကျော်ဆိပ်ကမ်း (The Myanmar Terminal TMT) ဆိပ်ကမ်းမှ ပြောင်းဖူးစေ့တန်ချိန် ၁၂၇၀၀၊ အလုံအပြည်ပြည်ဆိုင်ရာဆိပ်ကမ်း (AIPT-3) ဆိပ်ကမ်းမှ ပြောင်းဖူးစေ့တန်ချိန် ၆၆၀၀ Yangon International Gateway Terminal (YIGT)ဆိပ်ကမ်းမှ ပြောင်းဖူးစေ့တန်ချိန် ၁၄၅၀၀ မင်းထက်မင်းဆိပ်ကမ်း (MHM) ဆိပ်ကမ်းမှ ပြောင်းဖူးစေ့တန်ချိန် ၂၇၀၀ Wilmer Myanmar Port Terminal (WILMAR) ဆိပ်ကမ်းမှ ပြောင်းဖူးစေ့တန်ချိန် ၂၇၀၀ တို့ကို ဆက်လက်တင်ပို့သွားမည်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)