ပို့ကုန်တိုးမြှင့်ရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိ

နေပြည်တော်၊ ဧပြီ ၂၀
နိုင်ငံတော်အနေဖြင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပို့ကုန်မြှင့်တင်ရေးလုပ်ငန်းများကို အလေးပေး ဆောင်ရွက်လျက်ရှိရာ အစိုးရ - ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုအနေဖြင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) တို့ ပူးပေါင်းစီစဉ်၍ ပို့ကုန်တိုးမြှင့်ရေး လုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ဧပြီ ၂၀ ရက်တွင် အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းဖြစ်သော ယခင်ဗိုလ်အောင်ကျော်ဆိပ်ကမ်း (The Myanmar Terminal-TMT) မှ ပြောင်းဖူး စေ့တန်ချိန် ၁၂,၇၀၀  တင်ပို့ခဲ့သည်။     
ထို့ပြင် ဧပြီ ၂၁ ရက်တွင် အလုံအပြည်ပြည်ဆိုင်ရာဆိပ်ကမ်း (AIPT-3) မှ ပြောင်းဖူးစေ့တန်ချိန် ၆,၆၀ဝ ၊ ဧပြီ ၂၂ ရက်တွင် မင်းထက်မင်း ဆိပ်ကမ်းမှ ပြောင်းဖူးစေ့တန်ချိန် ၂,၇၀၀ နှင့် ဧပြီ ၂၅ ရက်တွင် ယခင်ဗိုလ်အောင်ကျော်ဆိပ်ကမ်း (The Myanmar Terminal-TMT) မှ ပြောင်းဖူးစေ့တန်ချိန် ၇,၁၅၀ ဆက်လက်တင်ပို့သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်