ပါကစ္စတန် နိုင်ငံတွင် ၃၆ နှစ်အတွင်း စံချိန်တင် မိုးရွာသွန်းမှု ဖြစ်ပွားရာ  လေးဉီး သေဆုံး

၂၆ ဩဂုတ်

 

 

ပါကစ္စတန်နိုင်ငံတောင်ပိုင်း ဆင်းပြည်နယ် ကရာချိမြို့တွင် ဩဂုတ်လအတွင်း မိုးရွာသွန်းမှာ  ၃၆ နှစ်အတွင်း စံချိန်တင် မိုးရွာသွန်းမှု ဖြစ်ပေါ်ခဲ့ကြောင်း ပါကစ္စတန်နိုင်ငံ မိုးလေဝသဌာနက ပြောကြားခဲ့သည်။

 

 

အပြင်းထန်ဆုံး မိုးရွာသွန်းမှုမှာ ၁၉၈၄ ခုနှစ် အတွင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မိုးရေချိန်  ၂၉၈ ဒသမ ၄ မီလီမီတာ အထိ ရှိကြောင်း ပါကစ္စတန်နိုင်ငံ မိုးလေဝသဌာနက ပြောကြားခဲ့သည်။

 

 

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြို့၏ နေရာအနှံ့အပြားတွင် ရေကြီးခြင်း၊ လမ်းများနှင့် မြေနိမ့်ပိုင်း ဒေသများတွင် ရေကြီးမှုများ ဖြစ်ပေါ်ခဲ့သည်ဟု ဆိုသည်။

 

 

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လျှစ်စစ်ဓာတ်အား ပြတ်တောက်ခြင်းနှင့် အိမ်ခေါင်မိုးများ ပြိုကျမှုတို့ကြောင့် အင်္ဂါနေ့ အတွင်းက လေးဉီး သေဆုံးခဲ့ပြီး အခြားသူများမှာ ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။

 

 

မြို့အနှံ့အပြားရှိ နိမ့်ကျသော နေရာများ အားလုံးတွင် ရေလွှမ်းမိုးပြီး ရာသီဥတု ဆိုးရွားလွန်းသည့် အခြေအနေများကြောင့် ၎င်းတို့နေအိမ်များ၌ သောင်တင်နေသော လူများကို ကယ်ဆယ်ရန်အတွက် မြို့တော်ကို အရေးပေါ် အခြေအနေ ထုတ်ပြန်ခဲ့ကြောင်း ဆင်းပြည်နယ်ဝန်ကြီးချုပ် ရှင်းရီ ရှီယက် မူရက်က မီဒီယာများသို့ ပြောကြားခဲ့သည်။

 

 

ဒေသများစွာမှ လူအများအား ၎င်းတို့၏ နေအိမ်များမှ ပိုမိုလုံခြုံသည့် နေရာများသို့ ရွေ့ပြောင်း ပေးခဲ့သည်ဟု ဆိုသည်။

 

 

မြို့တော် အတွင်းတွင် မြေပြိုမှုများ ဖြစ်ပွားခဲ့ပြီး ယာဉ်များ အများအပြား ပျက်စီးခဲ့ပြီးနောက်  ဘေးအန္တရာယ် ကျရောက်ခဲ့ရပြီး  အဓိကကျသည့် လမ်းများလည်း ပိတ်ဆို့မှု ဖြစ်ပေါ်ခဲ့သည်ဟု ဆိုသည်။

 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မေဇော်ထက်