မတ် ၂၀
ပါကစ္စတန်နိုင်ငံအနောက်တောင်ပိုင်း ဘာလိုချီစတန်ပြည်နယ်ရှိ ကျောက်မီးသွေးတွင်းတစ်ခုတွင် ပေါက်ကွဲမှုဖြစ်ပွား ပြီးနောက် တွင်းလုပ်သား ၁၂ ဦးသေဆုံးခဲ့ပြီး အခြားရှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူများက ယနေ့တွင် ပြောကြားသည်။ ထိုပြည်နယ် Harnai ခရိုင်ရှိ လိုဏ်ခေါင်းများအတွင်း အဆိပ်ဓါတ်ငွေ့များစုပုံလာသဖြင့် ယမန်နေ့ညက ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ကျောက်မီးသွေးအတွင်းတွင်းလုပ်သား ၁၂ ဦးအလုပ်လုပ်နေစဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်းနှင့် ထိုတွင်းအတွင်းပိတ်မိနေသည့် ၎င်းတို့၏လုပ်ဖော်ကိုင်ဖက်များကို ကယ်ဆယ်ရန်အတွက် တွင်းအတွင်းပိုင်းသို့ ဝင်ရောက်ရန်ကြိုးစားလုပ်ဆောင်နေကြောင်းသိရသည်။ ကယ်ဆယ်ရေးအဖွဲ့များက ဒဏ်ရာရရှိသူရှစ်ဦးနှင့် တွင်းလုပ်သား ၁၂ ဦးအလောင်းကိုရှာဖွေတွေ့ရှိခဲ့သည်။ ဒဏ်ရာရရှိသူများကို နီးစပ်ရာဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို