ပါ့ခ်ဘိုဂန်း၊ မင်းသမီး ပါ့ခ်ဆိုးဒမ်နဲ့ မင်းသားဗြောင်ဝူဆွတ်တို့ ရုပ်ရှင်သစ်တွင် တွဲဖက်ပါဝင်မည်

တောင်ကိုရီးယားမင်းသား ပါ့ခ်ဘိုဂန်း၊ မင်းသမီး ပါ့ခ်ဆိုးဒမ်နဲ့ မင်းသား ဗြောင်ဝူဆွတ်တို့ဟာ ဇာတ်လမ်းတွဲရုပ်ရှင်သစ်မှာ အတူ ပါဝင်သွားမှာဖြစ်ကြောင်း လတ်တလောမှာ အတည်ပြုခဲ့တာဖြစ်တယ်လို့ စွန်ပီဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။

ဇန်နဝါရီ ၁၀ ရက်မှာ အဆိုပါဇာတ်လမ်းတွဲကို ရိုက်ကူးထုတ်လွှင့်သွားမယ့် TVN ရုပ်သံ လိုင်းက ဇာတ်လမ်းတွဲရဲ့ အဓိကဇာတ်ဆောင်တွေကို ထုတ်ဖော်ပြောကြားလာတာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲကို “Record of Youth" လို့ ယာယီအမည်ပေးထားပြီး ကျော်ကြားတဲ့ မင်းသားတစ်ဦးဖြစ်သူ ပါ့ခ်ဘိုဂန်း၊ ရွှေကမ္ဘာလုံးဆုကို ဆွတ်ခူးနိုင်ခဲ့တဲ့ ပထမဆုံးသော မင်းသမီး ပါ့ခ်ဆိုဒမ်နဲ့ မင်းသားဗြောင်ဝူဆွတ်တို့ အဓိကပါဝင်သွားမှာဖြစ်ပြီး သရုပ်ဆောင်ရွေးချယ်မှုတွေ ပြီးဆုံးချိန်မှာ ဇာတ်ကားကို စတင်ရိုက်ကူးသွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။


"Record of Youth" မှာ မော်ဒယ်လ် လောကအကြောင်း တွေ့မြင်ခံစားရမှာ ဖြစ်ပါတယ်။ မော်ဒယ်လ်လောကမှာ လှုပ်ရှားနေတဲ့  လူငယ်တွေရဲ့ ရုန်းကန်မှုတွေလည်း ပါဝင်မှာပါ။ ဒီဇာတ်လမ်းတွဲကို ယခုနှစ် နှစ်လယ် ပိုင်းမှာ စတင်ပြသသွားဖို့ရည်ရွယ်ထားပြီး လက်ရှိမှာ ဆွေးနွေးမှုတွေ ပြုလုပ်နေကြောင်းလည်း သိရပါတယ်။

 

အေးပြည့်