ပခုက္ကူခရိုင်အတွင်း အင်းမြေပုံများ ပြန်လည်ရေးဆွဲရေး စီမံချက် အကောင်အထည်ဖေါ်

ပခုက္ကူ ၁၄  ဒီဇင်ဘာ

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်အတွင်းရှိ ဂရန်အင်းမြေပုံများ ပြန်လည်ရေးဆွဲနိုင်ရေး စီမံချက် အရ ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်ဥမ္မာထွန်းနှင့် ခရိုင်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးအောင်ကျော်မြင့်တို့သည် ယမန်နေ့က ပခုက္ကူခရိုင် အတွင်းရှိ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ မြို့နယ်ဦးစီးဌာနမှူးများနှင့် တွေ့ဆုံ၍ ပခုက္ကူခရိုင်အတွင်းရှိ ဂရန်အင်းများ မြေပုံရေးဆွဲရေးအတွက် ဆွေးနွေးညှိနှိုင်းခြင်းနှင့် အင်းမြေပုံများကို မြို့နယ်ဦးစီးမှူးများအား ပေးအပ်ခြင်းကိစ္စများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

MDN