ပျက်ကျသွားသည့် တရုတ်ခရီးသည်တင်လေယာဉ်၏ ဘလက်ဘောက်စ် တွေ့ရှိ

နန်နင်း မတ် ၂၄

 

ပျက်ကျသွားခဲ့သည့် တရုတ်အရှေ့ ပိုင်းလေကြောင်းလိုင်းမှ ဘိုးရင်းအမျိုးအစား ခရီးသည်တင် လေယာဉ်၏ ပျံသန်းမှုဆိုင်ရာ အချက်အလက်မှတ်တမ်းတင် ကိရိယာနှစ်ခုအနက် တစ်ခုကို မတ် ၂၃ ရက်တွင် ရှာဖွေတွေ့ရှိခဲ့ကြောင်း တရုတ်မြို့ပြလေကြောင်း အုပ်ချုပ်ရေးအဖွဲ့က ပြောကြားသည်။

 

ပြောကြား

အဆိုပါ လေယာဉ်တွင် ပျံသန်းမှုဆိုင်ရာ အချက်အလက်မှတ်တမ်းတင် ကိရိယာ(ဘလက်ဘောက်စ်) နှစ်မျိုးရှိပြီး ပထမဘလက်ဘောက်စ်သည် လေယာဉ်၏အမြင့်ပေ၊ ပျံသန်းနှုန်းနှင့် ဦးတည်ပျံသန်း ရာလမ်းကြောင်းကို မှတ်တမ်းတင်ပြီး ဒုတိယဘလက်ဘောက်စ်သည်လေယာဉ် မှူးခန်းမှ အသံများကို မှတ်တမ်းတင်ကြောင်း သိရသည်။ သို့ရာတွင် လက်ရှိ စစ်ဆေးတွေ့ရှိရသော ဘလက်ဘောက်စ်သည် ဆိုးရွားစွာပျက်စီးနေသည့်အတွက် မည်သည့် အမျိုးအစား ဖြစ်သည်ကို  မခန့်မှန်းနိုင်ကြောင်း မြို့ပြလေကြောင်း၊ မတော်တဆမှုဆိုင်ရာစင်တာမှ ညွှန်ကြားရေးမှူး မာရန်ဖန်းက ပြောကြားသည်။ မိမိတို့အနေဖြင့် ကျန်ရှိနေသော အခြားဘလက်ဘောက်စ် တစ်လုံးကိုလည်း ရှာဖွေလျက်ရှိပြီး အချက်အလက်များကို တိကျစွာစုံစမ်းနိုင်ရန် ဆောင်ရွက်နေကြောင်း ၎င်းကပြောကြားသည်။

 

ကိုးကား-ချိုင်းနားဒေးလီးဒေါ့ကွန်း

ဘာသာပြန်-စိုးသူရ