ပလောက်မြို့၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဆောင်ရွက်

ပလောက်  ၇ ဇွန်  
  

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၌ မော်တော်ဆိုင်ကယ် မောင်းနှင်သူများ ယာဉ်အန္တရာယ် ကင်ရှင်းစေရန်အတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၁၁ နာရီက ပလောက်မြို့၊ မြိတ်-ထားဝယ် ဗဟိုလမ်းမကြီး၌ ဆောင်ရွက်ခဲ့သည်။


ထိုကဲ့သို့ ဆောင်ရွက်ရာတွင် ပလောက်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးမျိုးဝေ၊ နယ်မြေရဲစခန်းမှ ရဲအုပ်မြင့်စိုးနှင့် ဌာနဆိုင်ရာတို့ ပူးပေါင်း၍ မော်တော်ဆိုင်ကယ်မောင်းနှင်သူများ ဆိုင်ကယ်စီး ဦးထုပ်ဆောင်း၍ မေးသိုင်းကြိုးတပ်ဆင်ရန်နှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


နိုင်ဦး(ပလောက် ပြန်/ဆက်)

 

1