ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်ပြည့်သူဆေးရုံတွင် အောက်ဆီဂျင်ထုတ်စက်ရုံဖွင့် 

နမ့်ဆန်မြို့ အောက်တိုဘာ ၃

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့ပြည်သူ့ဆေးရုံတွင် အောက်ဆီဂျင်ထုတ်စက်ရုံ ကို အောက်တိုဘာ ၂ ရက် နံနက်ပိုင်းက ဖွင့်လှစ်ခဲ့သည်။ 

ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မတည်ကာ အလှူရှင်များ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့တို့၏ ကူညီလှူဒါန်းမှုဖြင့် တည်ဆောက်သော အောက်ဆီဂျင်ထုတ်စက်ရုံကို အောက်တိုဘာ ၂ ရက်နေ့ နံနက်ပိုင်းက ဖွင့်လှစ်ခဲ့သည်။ 

အခမ်းအနားသို့ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ တာသိန်းဇော်၊ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာရဲအောင်ထွန်းနှင့် ဌာနဆိုင်ရာတာဝန်ရှှိသူများ တက်ရောက်ကြပြီး အောက်ဆီဂျင်စက်ရုံအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ ကမ္ဗည်းမော်ကွန်းအား အမွှေးနံ့သာရည် ပက်ဖျန်းခြင်းနှင့် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့သည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းသန်းထိုက်မှ အောက်ဆီဂျင်စက်ရုံအား အောက်ဆီဂျင် ထုတ်စက်ရုံ ထိန်းသိမ်းကြီးကြပ်ရေးကော်မတီထံသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။

အဆိုပါအောက်ဆီဂျင်စက်ရုံမှ တစ်ရက်လျှင် (၄၀)လီတာအိုး အလုံး (၄၀) ထုတ်လုပ်နိုင်မည်ဖြစ်ပြီး ပလောက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ နမ့်ဆန်မြို့နှင့် မန်တုံမြို့တို့အတွက် လုံလောက်မှုရှိကြောင်း၊ အခြားလိုအပ်သည့် နေရာများသို့လည်း လှူဒါန်းပေးသွားမည်ဖြစ်ကြောင်း အောက်ဆီဂျင်ထုတ်စက်ရုံ ထိန်းသိမ်းကြီးကြပ်ရေး ကော်မတီထံမှ သိရသည်။

နန်းဆိုင်(ပြန်/ဆက်)