ပန်ဆိုင်း (ကြူကုတ်)မြို့တွင်  ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ မဲရုံလုပ်ငန်းများနှင့် မဲပေးပုံအဆင့်ဆင့်အား လက်တွေ့သရုပ်ပြသ

ပန်ဆိုင်း   ၃၁ အောက်တိုဘာ

ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်ခရိုင်  ပန်ဆိုင်း (ကြူကုတ်)မြို့ ကော်မရှင်အဖွဲ့ခွဲမှ ၂၀၂၀ ပြည့်နှစ်  နိုဝင်ဘာလ (၈) ရက်တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအတွက် မဲရုံလုပ်ငန်းများနှင့် မဲပေးပုံ အဆင့်ဆင့်ကို ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးများနှင့် အဖွဲ့ဝင်များကို ယနေ့နံနက်ပိုင်းက အလက(ခွဲ) စာသင်ကျောင်း၌ ဇာတ်တိုက်လေ့ကျင့်ခြင်းကို လက်တွေ့သရုပ်ပြခဲ့ကြောင်း သိရသည်။

 

အဆိုပါ  ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲရုံတာဝန် ထမ်းဆောင်ကြမည့် ဆရာ/ဆရာမများနှင့် မဲရုံအဖွဲ့ဝင်များက မဲပေးပုံအဆင့်ဆင့်အား  ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ် တားဆီးရေး လမ်းညွှန်ချက်နှင့်အညီ လက်တွေ့သရုပ်ပြ လေ့ကျင့်နေမှုကို မြို့အုပ်ချုပ်ရေးမှူး ဦးမင်းဇာနည်၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ၊ သက်ဆိုင်ရာနယ်မြေအလိုက် တာဝန်ကျ ဌာနဆိုင်ရာများ၊ ဝန်ထမ်းများက လာရောက်လေ့လာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

သန်းမိုးခိုင်(ပြန်/ဆက်)