ပန်ဆိုင်း(ကြူကုတ်)မြို့၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရန် ဆေးဖျန်းခြင်းလုပ်ငန်းများ ဆောင်ရွက်

ပန်ဆိုင်း ၂၆ ဇူလိုင်

 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ပန်ဆိုင်း(ကြူကုတ်)မြို့၌  မိုးဦးကျနှင့် မိုးရာသီကာလတို့တွင် အဖြစ်များသည့် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားကူးစက်ခြင်းမှ ကြိုတင်ကာကွယ်နိုင်ရန်နှင့် ခြင်နှင့် ပိုးလောက်လမ်းများ ပေါက်ဖွားမှုမရှိစေရန် ရည်ရွယ်၍ ဆေးဖျန်းခြင်းလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်သည်။

 

ဆေးဖျန်းခြင်းလုပ်ငန်းများကို ပန်ဆိုင်း(ကြူကုတ်)မြို့၊ ရပ်ကွက်(၃)ရှိ လူနေအိမ်များ၊ တရုတ်ဘုံကျောင်းနှင့် ဝန်ထမ်းလိုင်းခန်းများတွင် အသုံးပြုသည့် ရေကန်များတွင် အဘိတ်ဆေးများ လိုက်လံခတ်ပေးခြင်း ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် ဆေးဖျန်းခြင်းလုပ်ငန်းများကို ပန်ဆိုင်း(ကြူကုတ်)မြို့၊ ကျန်းမာရေးမှူး-၃ ဦးမျိုးကို၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူတို့ ပူးပေါင်းဆောင်ရွက်သည်။

 

ဆက်လက်ပြီး ပန်ဆိုင်း(ကြူကုတ်)မြို့အတွင်းရှိ ရပ်ကွက်များ၊ အခြေခံကျောင်းများနှင့် ဌာနဆိုင်ရာ ရုံးများကိုလည်း ဆေးဖျန်းခြင်းလုပ်ငန်းများနှင့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကိုလည်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

သန်းမိုးခိုင်(ပြန်/ဆက်)