ပင်လောင်း၊ ဖယ်ခုံ၊ နမ့်စန်၊ လွိုင်လင်နှင့် လဲချားမြို့နယ်တို့၌ ရဲတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့က ဘိန်းစိုက်ခင်းများ ဖျက်ဆီး

နေပြည်တော်   ၄    နိုဝင်ဘာ

 

 

 

ရှမ်းပြည်နယ်၊ ပင်းလောင်းမြို့နယ်၊ ဝါးလီးကျေးရွာ၏ အရှေ့တောင်ဘက် ၂ မိုင်ခန့်ရှိ  အမြင့် ၂ ပေခန့် သီးပွင့်ဆဲ ဘိန်းစိုက်ခင်း ၂၄ ဒသမ ၅ ဧက ၊ ဖယ်ခုံမြို့နယ်၊ လတိန်ကျေးရွာ၏ တောင်ဘက် ၂ မိုင်ခန့် အကွာ၌ အမြင့် ၂ ပေခန့် သီးပွင့်ဆဲ ဘိန်းစိုက်ခင်း ၂၅ ဧက၊  နမ့်စန်မြို့နယ်၊ တွန်ကျိုင်းကျေးရွာ ၏အနောက်တောင်ဘက် ၅ မိုင်ခန့်အကွာ၌ အမြင့် ၆ လက်မခန့် ဘိန်းပင်ပေါက်စိုက်ခင်း ၂ ဧက၊လွိုင်လင်မြို့နယ်၊ နောင်တောင်(၁)ကျေးရွာ၏ မြောက်ဘက် ၁ ဖာလုံ ခန့်အကွာ ၎င်းကျေးရွာ၏တောင်ဘက် ၃ မိုင်ခန့်အကွာ၌ အမြင့် ၁ ပေခွဲခန့် သီးပွင့်ဆဲ ဘိန်းစိုက်ခင်း ၁၃ ဒသမ ၅ ဧက လွိုင်လင်မြို့နယ်၊ လွယ်မန့်ကျေးရွာ၏ အရှေ့တောင်ဘက်၌ အမြင့် ၂ ပေခွဲခန့် သီးပွင့်ဆဲ ဘိန်းစိုက် ခင်း ၂ ဧက၊ လဲချားမြို့နယ်၊ နားယန်းကျေးရွာ၏ အရှေ့ဘက်၌ အမြင့် ၁၀ လက်မခန့် ဘိန်းပင် ပေါက်စိုက်ခင်း ၂ ဧကတို့အား သက်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းအဖွဲ့က ယမန်နေ့တွင် ဖျက်ဆီးဆောင်ရွက်ခဲ့ကြောင်း ရဲပြန်ကြားမှ သိရသည်။

 

MDN