ပင်လောင်းမြို့နယ်ဆေးရုံသို့  ခေါက်ခုတင်လှူဒါန်း  

mdn

 ပင်လောင်း   သြဂုတ်   ၅

 

ရှမ်းပြည်နယ်တောင်ပိုင်း၊ပအို၀်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ ပင်လောင်းမြို့နယ်ဆေးရုံတွင် အသုံးပြုရန်အတွက် ခေါက်ခုတင်ကို ယနေ့ နံနက်ပိုင်းကပင်လောင်းမြို့နယ် ဆေးရုံသို့ လာရောက်လှူဒါန်းခဲ့ကြောင်းသိရသည်။

 

အဆိုပါလှူဒါန်းမှုတွင် ပင်လောင်းမြို့နယ် ရင်းမှီးရပ်ကွက် မြသိန်းတန် ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တမင်္ဂလ၏ မွေးနေ့ကုသိုလ်တော်အဖြစ်၊တန်ဖိုးငွေ ကိုးသိန်း ကျပ်တန် လိုသလိုခေါက်ဆန့်၍ ရသော ခုတင်တစ်လုံးနှင့်ပင်လောင်းဆေးရုံတွင်တက်ရောက်ဆေးကုသလျက်ရှိ  သော ကိုဗစ်-၁၉ လူနာများနှင့် သာမန်လူနာများ၊အသွားအလာကန့်သတ်စောင့်ကြည့်ရေး စင်တာများတွင်ထားရှိသော ပြည်သူများနှင့်ကျန်းမာရေး၀န်ထမ်းများအတွက် နေ့လယ်စာအဖြစ် ခေါက်ဆွဲကြော် (၁၈၀)ထုတ်တို့အားပင်လောင်းမြို့နယ်ပြည်သူ့ဆေးရုံသို့ လာရောက်လှူဒါန်းခဲ့ခြင်းဖြစ် ကြောင်းသိရှိရသည်။


မြို့နယ်(ပြန်/ဆက်)