ပင်လည်ဘူးမြို့နယ် စည်ပင်သာယာဈေး၌ ဈေးရောင်း ဈေးဝယ်များအား Face shield နှင့် Mask များ အခမဲ့ဖြန့်ဝေ

ပင်လည်ဘူး၊ ၁၈ ဒီဇင်ဘာ

 

စစ်ကိုင်းတိုင်း ဒေသကြီး၊ ပင်လည်ဘူးမြို့ မြို့နယ်စည်ပင်သာယာဈေး၌   ဒီဇင်ဘာ ၁၈ ရက် နံနက် ၇ နာရီက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနိုင်အတွက် Face shield နှင့် နှာခေါင်းစည်း(Mask) များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

 

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးသက်နောင်နှင့် ကော်မတီဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာ ကျော်နိုင်နှင့်  တာဝန်ရှိသူများ ပူးပေါင်း၍ Face shield အခု ၃၀ဝ နှင့် နှာခေါင်းစည်း အခု ၇၀ဝ တို့အား ဈေးရောင်း၊ ဈေးဝယ်များကို အခမဲ့ဖြန့်ဝေ ပေးခဲ့သည်။

 

ထို့နောက် ကိုဗစ်-၁၉ ရောဂါ ကင်းဝေးစေရန်အတွက် ကြိုတင်ကာကွယ်ရေး ဆိုင်ရာများကို စနစ်တကျ လိုက်နာ ဆောင်ရွက်ရန်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များကို တိတိကျကျ လိုက်နာဆောင်ရွက်ကြ ရန်တို့ကို အသိပညာပေး ပြောကြားခဲ့ကြောင်း သိရသည်။

 

မျိုးလွင်(ပင်လည်ဘူး)