ပင်လည်ဘူး၌ Facility Quarantine ကန့်သတ် စောင့်ကြည့်ထားရှိသူများအား Swab နမူနာများ ရယူစစ်ဆေး

ပင်လည်ဘူး၊  ၁၀  ဒီဇင်ဘာ

စစ်ကိုင်းတိုင်းဒေသကြီး ပင်လည်ဘူးမြို့၌ မြို့ပေါ်ရပ်ကွက်နှင့်ကျေးရွာများတွင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး Facility Quarantine   Center များတွင်  ပြည်တွင်း ပြည်ပပြန်  ကန့်သတ် စောင့်ကြည့်ထားရှိသူများရှိရာ ဒီဇင်ဘာ ၉ ရက်နေ့က  ကန့်သတ်စောင့်ကြည့်ထားရှိသူ(၇)ဦးနှင့် ကျေးရွာများရှိ ကန့်သတ် စောင့်ကြည့်ထားရှိသူ(၉)ဦး စုစုပေါင်း (၁၆)ဦး တို့အား မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ နှာခေါင်းနှင့် အာခေါင်တို့ဖတ်များ ရယူကာ RDT test kit ဖြင့် စစ်ဆေးဆောင်ရွက်မှုများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ ပြည်တွင်း ပြည်ပပြန် Facility Quarantine ကန့်သတ်စောင့်ကြည့်ထားရှိသူ (၁၆)ဦးတို့မှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခြင်း  မရှိကြောင်း၊ ကျန်းမာရေး အခြေအနေမှာလည်း ကောင်းမွန်လျက်ရှိကြောင်း၊ လက်ရှိအချိန်အထိ ပင်လည်ဘူးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူ မရှိသေးကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။

မျိုးလွင်(ပင်လည်ဘူး)