ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်

၂၀၂၁ ခုနှစ် နိုဝင်ဘာ   ၂၁  ရက် နံနက် ၁၀:၃၀ နာရီထုတ်ပြန်ချက်

 

ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်း၊ ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းနှင့် အရှေ့အလယ်ပိုင်းတို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး၊ ကပ္ပလီပင်လယ်ပြင် တောင်ပိုင်းနှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်ဖြစ်ထွန်းနေသည်။

 

ရန်ကုန်မှ တနင်္သာရီကမ်းရိုးတန်းတစ်‌လျှောက် ပင်လယ်ပြင်ခရီးအတွက် ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်းခန့်မှန်းချက်အနေဖြင့် နေရာကွက်ကျားမိုးထစ်ချုန်းရွာနိုင်သည်။ အမြင်တာ  (၄)မိုင်၊ မိုးရွာစဉ် (၁)မိုင်ခန့်။ ရေပြင်လေ အရှေ့(သို့) အရှေ့မြောက်၊ တစ်နာရီပင်လယ်မိုင် (၅-၁၀)မိုင်၊ တစ်ခါတစ်ရံ မိုင်(၂၀)။ လှိုင်းအနည်းငယ်မှ လှိုင်းအသင့်သင့်အတင့်ရှိမည်။  လှိုင်းအမြင့် (၄) ပေမှ (၇)ပေခန့် ရှိနိုင်သည်။

 

ရန်ကုန်မှ ရခိုင်ကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်း ခန့်မှန်းချက်  တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။ အမြင်တာ (၅)မိုင်။ ရေပြင်လေ မြောက် (သို့) အရှေ့မြောက်၊ တစ်နာရီပင်လယ်မိုင် (၅-၁၀) မိုင်၊ တစ်ခါတစ်ရံ မိုင်(၂၀)။ လှိုင်းအနည်းငယ်မှ လှိုင်းအသင့်သင့်အတင့်ရှိမည်။ လှိုင်းအမြင့် (၄)ပေမှ (၇)ပေခန့် ရှိနိုင်သည်။

 

Credit> မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန