ပွင့်ဖြူမြို့၌ လျှပ်စစ်အန္တရာယ်ကင်းဝေးစေရန်နှင့် ပြည်သူများ ဓာတ်အားပြည့်ဝစွာသုံးစွဲနိုင်ရေး ဓာတ်အားလိုင်း ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်း ကွင်းဆင်းဆောင်ရွက်

ပွင့်ဖြူ   ၂၂   နိုဝင်ဘာ     

 

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှ မြို့နယ်အတွင်း ပြည်သူများ လျှပ်စစ် အန္တရာယ် ကင်းဝေးစေရန် ၊ ဓာတ်အားပြတ်တောက်မှု လျော့နည်းကျဆင်းစေရန်နှင့် ဓာတ်အားပြည့်ဝစွာ သုံးစွဲခွင့်ရရှိစေရန် ရည်ရွယ်၍ နိုဝင်ဘာ ၂၂ ရက်  နံနက် ၉ နာရီက မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးတင့်ဇော်၏ ဦးဆောင်မှုဖြင့် လိုင်းတာဝန်ခံ ဦးလှဝင်း အောင်နှင့် ဝန်ထမ်းများအဖွဲ့က ပွင့်ဖြူမြို့နယ်အတွင်း ဓာတ်အားဖြန့်ဖြူးပေးထားသော ရှောက်တော - ကုန်းဇောင်း ကျေးရွာ ၁၁ ကေဗွီ ဓာတ်အားလိုင်းတစ်လျှောက် ကွင်းဆင်းသွားရောက်ပြီး  ဓာတ်အားလိုင်း ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်း များ  ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

mdn

 

ပွင့်ဖြူမြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးအနေဖြင့် မြို့နယ်အတွင်းရှိ ပြည်သူများ လျှပ်စစ်ဗို့အား ပြည့်မီစွာ သုံးစွဲခွင့် ရရှိရေးအတွက် ဓာတ်အားလိုင်းကြံ့ခိုင်ကောင်းမွန်ရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ကွင်းဆင်းစစ်ဆေး ဆောင်ရွက်လျက်ရှိသည့်အပြင် မြို့နယ်အတွင်း လျှပ်စစ်မီးမရရှိသေးသည့် ကျေးရွာများ ကိုလည်း ဒေသခံပြည်သူများ လျှပ်စစ်မီး သုံးစွဲခွင့်ရရှိရေး အရှိန်အဟုန်မြှင့်တင် အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရကာ ယနေ့နံနက်ပိုင်း တွင် မြို့နယ်လျှပ်စစ် အင်ဂျင်နီယာ ဦးတင့်ဇော် ဦးဆောင်သော လိုင်းတာဝန်ခံ ဦးလှဝင်းအောင်နှင့် ဝန်ထမ်းများအဖွဲ့က ကျေးလက်နေ ပြည်သူများ လျှပ်စစ်မီးသုံးစွဲရာ၌ လျှပ်စစ်အန္တရာယ်ကင်းဝေးစေရန်နှင့် ဓာတ်အားလျော့နည်း ပျောက်ဆုံးမှုများ မဖြစ်ပေါ်စေရေးအတွက် ပွင့်ဖြူမြို့နယ် ရှောက်တော ကျေးရွာနှင့် ကုန်းဇောင်းကျေးရွာသို့ ဓာတ်အားဖြန့်ဖြူးပေး ထားသည့် ၁၁ ကေဗွီ ဓာတ်အားလိုင်း တစ်လျှောက်ရှိ ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသည့် သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း ၊ ကြွသေီးဟောင်းများ အသစ်လဲလှယ်တပ်ဆင်ခြင်း ၊ ယိုင်နဲ့နေသော ဓာတ်အားလိုင်းတိုင်များ တည့်မတ်ခြင်း ၊ ထိန်းသိမ်းပြုပြင်ရန် လိုအပ်သော နေရာများတွင် ဓာတ်အားလိုင်းကြိုးများ ကြံ့ခိုင်ကောင်းမွန်ရေး ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများကို ကွင်းဆင်းပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးတင့်ဇော် ထံက သိရသည်။  

 

ရဲဝင်းနိုင် ( ပြန်/ဆက် )