ပွင့်ဖြူမြို့နယ် အရှေ့လေးအိမ် အုပ်စုကျေးရွာရှိ ဒေသခံပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား အခမဲ့ ကွင်းဆင်းပြုလုပ်ပေး

ပွင့်ဖြူ      ဇန်နဝါရီ       ၂

 

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ မြို့နယ်ဦး စီးမှူး ဦးညွန့်ဝင်းထူး ဦးဆောင်သော ဝန်ထမ်းများအဖွဲ့က ဇန်နဝါရီ ၁ရက်နံနက်ပိုင်းက ပွင့်ဖြူမြို့နယ် အရှေ့လေးအိမ်အုပ်စုကျေးရွာသို့ သွားရောက်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်လိုသော ဒေသခံပြည်သူများကို ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားအခမဲ့ ကွင်းဆင်းပြုလုပ်ပေးခဲ့ ကြောင်း သိရသည်။

ထို့သို့ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား အခမဲ့ကွင်းဆင်းပြုလုပ်ပေးရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးညွန့်ဝင်းထူးက မြို့နယ်အတွင်း ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်း အခမဲ့ပြည်သူ့ ဝန်ဆောင်မှုလုပ်ငန်း ပြုလုပ်ဆောင်ရွက်ပေးနေမှုများနှင့် မပျောက်ပျက်အောင် ကိုင်တွယ်ထိန်းသိမ်း ရမည့်နည်းလမ်းများကို အသိပညာပေး ရှင်းလင်းဆွေးနွေးပြောကြားသည်။

ထို့နောက် မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများက  အရှေ့လေးအိမ်အုပ်စုကျေးရွာရှိ   နိုင်ငံသားစိစစ်ရေး ကတ်ပြား လာရောက်ပြုလုပ်သည့် အသက် ၁၀ နှစ်ပြည့် ၃(က)-၁ဦး၊ အသက် ၁၈ နှစ်ပြည့် ၆ (က)-၈ဦး၊ လဲလှယ်(၂၄)ဦး၊ ပျောက်ပျက်မိတ္တူ(၃၃)ဦး စုစုပေါင်းဒေသခံပြည်သူ ၆၆ ဦး အား နိုင်ငံသားစိစစ်ရေးကတ်ပြား လက်ဝယ်ကိုင်ဆောင်ခွင့်ရရှိစေရေး အထောက်အထားများ စိစစ်ကာ ပန်းခင်းစီမံချက်ဖြင့် နေ့ချင်းပြီး အခမဲ့ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြသည်။

ပွင့်ဖြူမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနအနေဖြင့် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား နှင့် အိမ်ထောင်စုလူဦးရေစာရင်း အခမဲ့ဝန်ဆောင်ပေးခြင်းကို ဒေသခံ ပြည်သူများ လူမှုဘဝဖွံ့ဖြိုးစေရေးအတွက် နေ့စဉ် ရုံးပိတ်ရက်မရှိ ပြုလုပ်ဆောင်ရွက် ပေးလျက်ရှိ ကြောင်း သိရကာ ကျန်ရှိသည့်ဒေသခံ ပြည်သူများကိုလည်း စဉ်ဆက်မပြတ် ကွင်းဆင်းပြုလုပ် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးညွန့်ဝင်းထူးထံမှ သိရသည်။

ခင်ဝါဝါလှိုင်  (ပြန်/ဆက်)