ပွင့်ဖြူမြို့နယ်၌ အသက် (၁၈)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းပြုလုပ်ပေး

ပွင့်ဖြူ   ၂၄  ဇူလိုင်   

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ အသက်(၁၈)နှစ်ပြည့်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား မရရှိသေးသော ဒေသခံပြည်သူများ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပါဝင်မဲနိုင်ရေးအတွက် ယနေ့ နံနက် ၉ နာရီက နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းပြုလုပ်ပေးခဲ့သည်။

 

ထိုသို့ဆောင်ရွက်ပေးရာတွင် ပွင့်ဖြူမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးအောင်ဇော်တင့်နှင့် ဝန်ထမ်းများက မြို့နယ်အတွင်းရှိ နန်းတော်ကျွန်းကျေးရွာအုပ်စုရှိ အသက်(၁၈)နှစ်ပြည့်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား မရရှိသေးသူ ကျား (၈)ဦး၊ မ (၃၀)ဦး၊ ဆည်မုန်းကျေးရွာရှိ ကျား (၉)ဦး၊ မ (၃၈)ဦး စုစုပေါင်း (၈၅)ဦးအား အထောက်အထားများစိစစ်၍ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

 

ပွင့်ဖြူမြို့နယ်တွင် အသက်(၁၈)နှစ်ပြည့်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား မရရှိသူများအား ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပါဝင်မဲပေးနိုင်ရေးအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ဆောင်ရွက်ပေးခြင်း စီမံချက်ကို ဇူလိုင် ၁၅ ရက်မှစတင်ကာ ဩဂုတ် ၃၁ ရက်နေ့အထိ မြို့ပေါ်ရပ်ကွက်(၄)ရပ်ကွက် အပါအဝင် ကျေးရွာအုပ်စု (၅၆) အုပ်စုအား ကွင်းဆင်းပြုလုပ် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးအောင်ဇော်တင့်ထံမှ သိရသည်။

ရဲဝင်းနိုင်(ညောင်ဦး)