ပွင့်ဖြူမြို့နယ်၌ အသက် (၆၅) နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး စတင်ထိုးနှံပေး

ပွင့်ဖြူ ဩဂုတ်

 

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် အသက် (၆၅) နှစ်နှင့်အထက် အသက်အရွယ်ကြီးရင့်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ဩဂုတ် ရက် နံနက် နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်းမ၌ စတင်ထိုးနှံပေးလျက်ရှိသည်။

 

ထိုသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးနှံခြင်း မပြုမီ ကျန်းမာရေး ဝန်ထမ်းများက ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်း၊ သွေးအတွင်း အောက်ဆီဂျင်ပါဝင်မှု ပမဏ တိုင်းတာပေးခြင်းတို့ကို ဆောင်ရွက်ပေးပြီး ပုံမှန်အနေအထားရှိမှသာ ကာကွယ်ဆေးကို စနစ်တကျ ထိုးနှံဆောင်ရွက်ပေးကြောင်းသိရပြီး ကာကွယ်ဆေးထိုးနှံသော သက်ကြီးဘိုးဘွားများကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များက လိုအပ်သောကိစ္စများကို ကူညီဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

ပွင့်ဖြူမြို့နယ်တွင် အသက် (၆၅) နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးနိုင်ရေး ကာကွယ်ဆေးအလုံးရေ ၂၁၀၀ ရရှိထားပြီး ဆေးတစ်လုံးလျှင် တစ်ဦးနှုန်း ထိုးနှံပေးသွားမည်ကာ စုစုပေါင်း သက်ကြီးဘိုးဘွား ၂၁၀၀ ဦး လျာထား ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်းမတွင် ဆေးထိုးစုရပ်ပြုလုပ်ပြီး ပွင့်ဖြူမြို့နယ် ညောင်ပင်ရွာကျေးရွာ၊ လက်ခုပ်ကျေးရွာနှင့် သရက်အုပ်ကျေးရွာတို့မှ သက်ကြီးဘိုးဘွားများကို စတင်ထိုးနှံပေးခြင်းဖြစ်ပြီး နေ့လယ်ပိုင်းတွင် မြို့ပေါ်ရပ်ကွက် () ရပ်ကွက်ရှိ သက်ကြီးဘိုးဘွားများကို ထိုးနှံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ကျန်ရှိသည့်ကျေးရွာများမှ သက်ကြီးဘိုးဘွားများကို ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်ထံက  သိရသည်။

 

မြို့နယ်အတွင်းရှိ အသက် (၆၅) နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးမှုအခြေအနေအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးအောင်မြတ်ခိုင်နှင့် တာဝန်ရှိသူများက လာရောက်ကြည့်ရှုအားပေးပြီး ကာကွယ်ဆေး လာရောက်ထိုးနှံကြသည့် သက်ကြီးဘိုးဘွားများ စိတ်အေးချမ်းစွာ ထိုးနှံနိုင်ရေးအတွက် လိုအပ်သည်များကို ပံ့ပိုးကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။  

 

ရဲဝင်းနိုင် (ပြန်/ဆက်)