ပွင့်ဖြူမြို့နယ်၌ မြစ်/ချောင်းကမ်းပြိုကျမှု ကာကွယ်ရေးစီမံချက်ဖြင့် ဗာတီဗာမြက်မျိုးများ စုပေါင်းစိုက်ပျိုး

 

ပွင့်ဖြူ  ၂၇  ဇွန်

 

မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်သစ်တောဦးစီးဌာနမှ ၂၀၂၀ ပြည့်နှစ်၊ မြစ်/ချောင်းကမ်းပြိုကျမှု ကာကွယ်ရေးစီမံချက်ဖြင့် ဗာတီဗာမြက်မျိုးများ စုပေါင်းစိုက်ပျိုးခြင်းကို ယမန်နေ့ နံနက် နာရီခွဲက ပွင့်ဖြူမြို့နယ် အင်းဒေါင်းကျေးရွာအနီး မုန်းချောင်းဘေးတစ်လျှောက်တွင် စိုက်ပျိုးခဲ့ကြောင်း သိရသည်။

 

ဗာတီဗာမြက်မျိုးများ စုပေါင်းစိုက်ပျိုးရာတွင် ပွင့်ဖြူမြို့နယ် သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်မော်နှင့် ဝန်ထမ်းများက မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး (PDO)အဖွဲ့ဉက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် အဖွဲ့ဝင်များ၊ ဒေသခံပြည်သူများ ပူးပေါင်းပြီး မုန်းချောင်းဘေးတစ်လျှောက် ဗာတီဗာမြက်မျိုး ပျိုးပင်ရေ ၄၀၀ အား စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။

 

ပွင့်ဖြူမြို့နယ် သစ်တောဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်း သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးအတွက် ဒေသပြည်သူအစုအဖွဲ့ပိုင် သစ်တောစိုက်ခင်းများ တည်ထောင်စိုက်ပျိုးခြင်း၊ လူထုဖြန့်အရိပ်ရပျိုးပင်များ အခမဲ့ဖြန့်ဝေ စိုက်ပျိုးခြင်း၊ ကြီးအုံကြီးဝတမံ ရေဝေရေလဲဒေသများတွင် မိုးရေတိုက်စားမှုကြောင့် ထိခိုက်ပျက်စီးနေရာများအား ပြန်လည်စိမ်းလန်း စိုပြည်လာစေရေးအတွက် သစ်စေ့မြေလုံးများ စိုက်ပျိုးခြင်းတို့ကို ဆောင်ရွက်လျက်ရှိသည်။

 

ထို့ပြင် မုန်းချောင်းအနီးကျေးရွာများမှ ဒေသခံပြည်သူများ ကမ်းပြိုကျမှုအန္တရာယ် ကင်းဝေးစေရေးအတွက် ယခုနှစ်တွင် မြစ်/ချောင်းကမ်းပြိုကျမှု ကာကွယ်ရေးစီမံချက်ဖြင့် မုန်းချောင်းဘေးတစ်လျှောက် ကျေးရွာများဖြစ်သည့် အင်းဒေါင်း ကျေးရွာ အပါအဝင် ရွှေလှေကျေးရွာ၊ ရွာသစ်ကျေးရွာ၊ ညောင်ပင်ရွာကျေးရွာ၊ ညောင်ကုန်း ကျေးရွာ၊ ဂွေ့ကျေးရွာတို့တွင် မုန်းချောင်းကမ်းပြိုကာကွယ်ရေးအတွက် ဗာတီဗာမြက်မျိုးပျိုးပင်ပေါင်း ၂၀၀၀ အကောင်အထည်ဖော် စိုက်ပျိုးသွားမည် ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် သစ်တောဦးစီးဌာနမှ သိရသည်။

 

ရဲဝင်းနိုင် (ပြန်/ဆက်)

 

a89