ပွင့်ဖြူမြို့နယ်၌ မုန်းချောင်းကမ်းပါးပြိုကျမှုကြောင့် ဘေးလွတ်ရာသို့ ပြောင်းရွှေ့ရမှုအတွက် ထောက်ပံ့ငွေပေးအပ်

ပွင့်ဖြူ   ၁၅  ဩဂုတ်   

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ညောင်ပင်ကျေးရွာအုပ်စု၊ ညောင်ပင်ကျေးရွာတွင် ဩဂုတ် ၁၄ ရက်နေ့က မုန်းချောင်းကမ်းပါး ပြိုကျမှုကြောင့် လူနေအိမ်တစ်လုံး ဘေးလွတ်ရာသို့ ပြောင်းရွှေ့ခဲ့ရမှုအတွက် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ပြောင်းရွှေ့စရိတ် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့မွန်းလွဲပိုင်းက ပွင့်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ကျင်းပသည်။

ထောက်ပံ့ငွေပေးအပ်ရာတွင် မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းရွှေက မိုးတွင်းကာလတွင် ဖြစ်ပွားတတ်သည့် သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်၍ ထိခိုက်မှုကင်းဝေးစေရန် ကာကွယ်ရေးလုပ်ငန်းများ စီစဉ်ဆောင်ရွက်ထားရှိရေးတို့ကို ရှင်းလင်းဆွေးနွေးမှာကြားသည်။ ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ပွင့်ဖြူမြို့နယ် ညောင်ပင်ကျေးရွာတွင် မုန်းချောင်းကမ်းပါးပြိုကျမှုကြောင့် လူနေအိမ် ဘေးလွတ်ရာသို့ ပြောင်းရွှေ့ရသည့် ဦးမြင့်မောင်ထံ ပြောင်းရွှေ့စရိတ် ထောက်ပံ့ငွေကျပ် တစ်သိန်း နှင့် မိသားစုဝင် ၅ ဦး အတွက် တစ်ပတ်စာ စားနပ်ရိက္ခာဆန်ဖိုးငွေကျပ် ၁၀၅၀ဝ ၊ စုစုပေါင်း ထောက်ပံ့ငွေကျပ် ၁၁၀၅၀ဝ အား ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သိရသည်။  

ရဲဝင်းနိုင် ( ညောင်ဦး )